About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

မွန်ပြည်နယ်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှုးအဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးဝင်းထိန်နဲ့ ဦးဉာဏ်ဝင်းတို့ကိုလည်း တရားဝင် အသိပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။play

မွန်ပြည်နယ်ဝန်ကြီးချုပ်က ရာထူးမှနုတ်ထွက်မှာဖြစ်ပြီး သူ့သဘောနဲသူ နုတ်ထွက်ခြင်းဖြစ်ကြောင်း 7Day Daily သတင်းကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ "ကျွန်တော်နုတ်ထွက်မယ်အကြောင်း ဒီနေ့မနက် Facebook မှာတင်ထားပါတယ်။ ကျွန်တော်သဘောနဲ့ ကျွန်တော် နုတ်ထွက်တာပါ ။ ဘယ်သူဖိအားမှမပါဘူး။ နောက်တစ်ပတ်မှ နုတ်ထွက်စာတင်မှာပါ။ ရုံးဖွင့်တဲ့နေ့ အားလုံးရှင်းပြသွားမယ် ရုံးကိုလာမေးပါ'' ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကပြောကြောင်း 7Day Daily မှာ ဖော်ပြပါတယ်။
play

မွန်ပြည်နယ်ဝန်ကြီးချုပ်က ၎င်း နုတ်ထွက်တော့မယ့်အကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှုးအဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးဝင်းထိန်နဲ့ ဦးဉာဏ်ဝင်းတို့ကိုလည်း တရားဝင်အသိပေးထားပြီးဖြစ်တယ်လို့  ဦးဥာဏ်ဝင်းက ဖေဖော်ဝါရီ ၁၇ ရက်မှာ မီဒီယာများကို ပြောကြားထားပါတယ်။ လက်ရှိမှာ ဦးဝင်းထိန်နှင့် ဦးဉာဏ်ဝင်းတို့ မွန်ပြည်နယ်ကိုရောက်ရှိကြောင်းလည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။
Source: ရန်မျိုးနိုင်၊ သက်သန္တာလှိုင်/7Day Daily
Photo: စိုင်းဇော်
duwun.com.mm
Share
Banner

ကိုမိုး

Post A Comment:

0 comments: