မြို့ပြမှာ အိမ်ခေါင်မိုးတွေ ဆေးအဖြူရောင်သုတ်တာက ကမ္ဘာကြီးပူနွေးလာမှု လျော့ကျစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။
ယင်းလေ့လာမှုအနေနဲ့ ခေါင်မိုးဖြူတွေ နေရောင်ခြည်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲဆိုတာရယ်၊ အိမ်ခေါင်မိုးဖြူတွေက မြို့တွေကို အေးမြစေနိုင်ပြီး ကမ္ဘာကြီးပူနွေးလာမှု လျော့ကျစေနိုင်ကြောင်း လေ့လာတွေရှိခဲ့ပါတယ်။
ခေါင်မိုးဖြူတွေဟာ အနည်းဆုံး မြို့ပြရာသီဥတုအပူရှိန်လျော့ကျစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခု ဖြစ်ကြောင်း ယင်းသုတေသနလေ့လာမှုက သက်သေပြခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့် မြို့ပြတွေဟာ ရာသီဥတုပြောင်းလဲမှုကို ခုခံနိုင်စွမ်းမရှိကြပါဘူး။ မြို့ပြဒေသရှိ လမ်းမတွေ၊ ကတ္ကရာစေး ခေါင်မိုးနဲ့ အခြားလူလုပ်မျက်နှာပြင်ကျယ် အရာဝတ္တုတွေဟာ နေရောင်ခြည်က အပူရှိန်ကို စုပ်ယူပြီး ကျေးလက်ဒေသတွေထက် မြို့ပြဒေသတွေမှာ သီရာဥတုအပူချိန် ပျှမ်းမျှ ၂ ကနေ ၅ ဒီဂရီဖာရင်ဟိုက်ထိ ဖြစ်စေပါတယ်။
ခေါင်မိုးဖြူတွေဟာ နေအပူရှိန်ကို လေဟာနယ်နဲ့ ရာသီဥတုအေးတဲ့ဘက် ပြန်ကန်ထွက်စေနိုင်ပါတယ်။ ခေါင်မိုးဖြူတွေက အဆောက်အဦးအတွင်း ရာသီဥတုတွေလည်း အေးမြစေနိုင်ပြီး အပူပေးစနစ်နဲ့ လေအေးပေးစနစ်အတွက် အသုံးပြုတဲ့ စွမ်းအင်ပမာဏကို ပြောင်းလဲစေနိုင်စွမ်းရှိပါတယ်။
အပြန်အလှန်အားဖြင့် ကမ္ဘာကြီးပူနွေးလာခြင်းအတွက် တာဝန်ရှိတဲ့ greenhouse gases ထုတ်လုပ်တဲ့ ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို အကျိုးသက်ရောက်စေနိုင်ပါတယ်။
trend.com.mm
Post A Comment:
0 comments: