About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ည ၉နာရီနောက်ပိုင်း မလုပ်သင့်တဲ့ အရာ (၃)မျိုး

နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို ဘာနဲ့မှမလဲလှယ်နိုင်ပါဘူး။ ဒီ့အတွက်ကြောင့် ကောင်းစွာအိပ်ပျော်တဲ့ညကို အစဉ်ပိုင်ဆိုင်နိုင်ဖို့အလို့ငှာ ည ၉ နာရီနောက်ပိုင်းသတိပြုသင့်တဲ့ အချက်လေးတွေသိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။
 
(၁) ဆေးလိပ်
 
ညအိပ်ယာမဝင်ခင်လေးမှာ ဆေးလိပ်သောက်တတ်တဲ့သူတွေဟာ နောက်နေ့မနက်အိပ်ယာနိုးချိန်မှာ မောဟိုက်နွမ်းလျမှုတွေ ခံစားကြရတယ်လို့ သုတေသီတွေက ဖော်ပြထားပါတယ်။ နောက်ပြီးတော့ နီကိုတင်းမှ ဟော်မုန်း စီရိုတိုနင်း ခေါ် ဦးနှောက်ကို သတင်းအချက်အလက်ပေးပို့တဲ့ ဓာတ်တစ်မျိုးကို ဖယ်ရှားလိုက်တာကြောင့် REM လို့ခေါ်တဲ့ မျက်စိလှုပ်ရှားမှုနှုန်း ပိုနည်းစေပါတယ်။
 
(၂) အသားဟင်း ညနေစာ
 
မိမိရဲ့အိပ်စက်ခြင်းကို အနှောင့်အယှက် မဖြစ်ချင်ရင် ညအိပ်ယာမဝင်ခင် အစာကို လျော့စားပါ။ အစာမကြေတဲ့ အစားအစာတွေ အများကြီး စားလိုက်မယ်ဆိုရင် အိပ်စက်အနားယူနေချိန် ခန္ဓာကိုယ်အတွင်း ပရိုတိန်းဓာတ်ကို ချေဖျက်မှု ခဲယဉ်းတတ်တာကြောင့်ဖြစ်ပါတယ်။
 
(၃) ဘရာစီယာ ကျပ်လွန်းခြင်း
 
ကျပ်လွန်းတဲ့ အဝတ်အစားတွေက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။ ခန္ဓာကိုယ် အပူချိန်တက်စေပြီး စီရိုတင်းခေါ် ဦးနှောက်သတင်းအချက်အလက်ပေးပို့မှုကို လျော့နည်းနှေးကွေးစေပါတယ်။ ဒါ့ကြောင့်မို့ ချောင်ချောင်ချိချိ နဲ့ သက်တောင့်သက်သာရှိတဲ့ ညဝတ်အင်္ကျီဝတ်ပေးဖို့ အကြံပေးချင်ပါတယ်။
Share
Banner

ကိုမိုး

Post A Comment:

0 comments: