About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

တစ်နေကုန် အညောင်းထိုင်သူတွေအတွက် အကြောဆန့်လေ့ကျင့်ခန်း

လွယ်ကူပြီးထိရောက်တာလေးတွေကို မျှဝေလိုက်ပါတယ်။
play

ရုံးတက်ချိန်ကနေ ရုံးဆင်းချိန်အထိ စားပွဲမှာထိုင်ပြီး အလုပ်လုပ်ခြင်းဟာ အသက်တိုစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အကြောတက်တာ၊ ကျီးပေါင်းတက်တာ၊ ခါးနာတာမျိုး မကြာခဏ ကြုံရတယ်မဟုတ်လား။ အကြောဆန့်လေ့ကျင့်ခန်းလေးကို လုပ်ပေးမယ်ဆို အညောင်းမိတာတွေကို ပြေလျော့သွားစေပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ကြောင်း ပြသနေတဲ့လက္ခဏာ (၉) ရပ် ထဲမှာ အညောင်းထိုင်ခြင်းလည်း ပါဝင်တာမို့ တစ်နေကုန်ထိုင်ရသူတွေ ဒီလေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။
play

၁။ ကြယ်တွေကို ဖမ်းယူလိုက်
ပုခုံး၊ ရင်ဘတ်၊ ကျော၊ တင်ပါးနဲ့ လက်ကောက်ဝတ်တို့အတွက် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခြေထောက်နှစ်ချောင်းကို တင်ပါးအကျယ်ထက် အနည်းငယ်ပိုကားပြီးရပ်နေပါ။ လက်နှစ်ဖက်ကို အပေါ်ကိုဆန့်တန်းပြီး မြှောက်လိုက်၊ ချလိုက် လုပ်ပေးရပါမယ်။ လက်မြှောက်ချိန်မှာ ခြေဖဝါးကိုထောက်လိုက်ပါ။ လက်ကိုပြန်ချချိန် ခြေဖဝါးလည်း တစ်ပါတည်းလိုက်ချပေးရပါမယ်။
play

၂။ ပုခုံးတွေကိုဖွင့်
ထိုင်ရတာများတော့ ပုခုံးတွေက အရှေ့ဘက်ကို ကိုင်းသွားတယ်လေ။ ဒီတော့ ရင်ဖွင့်ပြီး အကြောလျှော့ပေးဖို့လိုပါတယ်။ ခြေထောက်ကို ပုခုံးအကျယ်အတိုင်းကားပြီး ရပ်နေပါ။ လက်က ကြိုး/ခါးပတ် တစ်ခုခုကို နောက်ဘက်မှာ ခပ်တင်းတင်းဆွဲဆန့်ကိုင်ထားရပါမယ်။ ဒီအနေအထားအတိုင်း လက်ကို မြှောက်နိုင်သလောက်မြှောက်ပါ။ ပြီးရင်ပြန်ချပါ။
play

၃။ ခြေထောက်တွေအတွက်
ဒါကိုတော့ ထိုင်နေလျက်နဲ့ လုပ်လို့ရပါတယ်။ ဘယ်ဒူးပေါ်ကို ညာခြေကျင်းဝတ်ကို တင်လိုက်ပါ။ ထောင့်မှန်ပုံစံ ဖြစ်သွားပါလိမ့်မယ်။ ညာလက်ကို ညာဒူးအပေါ်ဘက်ကို ဖိပေးပါ။ ပေါင်ကြောတွေလျှော့သွားတာကို ခံစားရမှာဖြစ်ပါတယ်။ ဒီအနေအထားအတိုင်း ပုံမပျက်စေဘဲ ခန္ဓာကိုယ်ကို ရှေ့ကိုကွေးညွှတ်လိုက်ပါ။ အသက်ရှုသွင်း၊ ရှုထုတ်ရင်း အကြောလျှော့သွားပါစေ။ ဘယ်ခြေ၊ ညာခြေ တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။
Source : Prevention
duwun.com.mm
Share
Banner

ကိုမိုး

Post A Comment:

0 comments: