ယခင် ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းနဲ့ ဝန်ကြီးအချို့ အပါအဝင် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးတို့ ရယူထားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကန်တော်ကြီးအနီးရှိ မြေယာများကို နိုင်ငံတော်က တစ်နှစ်အတွင်း ပြန်လည် သိမ်းယူမယ်လိုက သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။ အဆိုပါ မြေယာများပြန်သိမ်းမယ့် ကိစ္စနဲ့ပတ်သက်ပြီး "ကန်တော်ကြီးအနီးက ပုဂ္ဂလိကကို ချထားပေးခဲ့တဲ့ မြေယာတွေကို သဘာဝသစ်တောအဖြစ် ပြန်လည် သတ်မှတ်ပေးဖို့အဆိုကို ပြန်သူ့လွှတ်တော် စတုတ္တအကြိမ် ပုံမှန်အစည်းအဝေးမျာ မေးမြန်းခဲ့တယ်၊ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးပြီးတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးက သဘောတူသလို ပြည်သူ့လွှတ်တော်ကလည်း အကောင်အထည်ဖော်ပေးဖို့ ဆုံးဖြတ်တဲ့အတွက် ဒီမြေတွေကို တစ်နှစ်အတွင်း ပြန်သိမ်းမှာပါ" လို့ ဦးမြင့်ဦးက ပြောကြားကြောင်း The Voice သတင်းမှာ ဖော်ပြပါတယ်။
ပဲခူးမြို့ပေါ် ရပ်ကွက်များကို သောက်သုံးရေဖြန့်ဖြူးပေါ်ရန် ကန်တော်ကြီးရေကန်ကို ရေဝေရေလဲဒေသအဖြစ် မြေဧက ၁,၃၈၀ ကျော် ထည့်သွင်းကာ ၁၉၂၄ ခုနှစ်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ယခင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းလက်ထက်မှာ အဆိုပါ မြေဧကများအနက်မှ ဧက ၇၀၀ ကျော်ကို လူလေးဦးအမည်နဲ့ ကုမ္ပဏီတစ်ခုကို ရော်ဘာစိုက်ခင်းများ စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးထားခဲ့ပါတယ်။ ကန်တော်ကြီးအနီး ရော်ဘာစိုက်ခင်းများမှ စွန့်ပစ်ပစ္စည်း၊ ပိုးသတ်ဆေးအကြွင်းအကျန်နဲ့ ရေဆိုးရေညစ်များကြောင့် ကန်အတွင်းရှိရေများ သောက်သုံးရန်မသင့်ဖြစ်နေကြောင်း ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးမှုအရ သိရပါတယ်။
ထိုအခြေအနေကြောင့် ချထားပေးခဲ့တဲ့ မြေဧကများကို ရေဝေရေလဲဒေသအဖြစ် ပြန်လည်ထိန်းသိမ်းရန် ဖေဖေါ်ဝါရီ ၃ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ အဆိုတင်သွင်း မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ကန်တော်ကြီးအနီး မြေယာများကို တိုင်းဝန်ကြီးချုပ်ဟောင်း အပါအဝင် လူပုဂ္ဂိုလ်လေးဦးနဲ့ ကုမ္ပဏီတစ်ခုကို စိုက်ခင်များလုပ်ကိုင်နိုင်ရန် အငှားချထားပေးခဲ့ခြင်းသာဖြစ်ပြီး အဆိုပါမြေယာများမှာ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာဝန်ကြီးဌာနက ပိုင်ဆိုင်တဲ့ သစ်တောမြေများသာဖြစ်ကြောင်း သဘာဝသယံဇာတနဲ့ သစ်တောရေးရာဝန်ကြီး ဦးကျော်မင်းစံက ပြောထားပါတယ်။
ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းမှု အောင်မြင်ခဲ့ကြောင်းသိရပြီး ပြည်ထောင်စုဝန်ကြီးထံမှ မြေယာများပြန်သိမ်းယူရန် ညွှန်ကြားချက်မရရှိသေးကြောင်း ၎င်းက ဆိုပါတယ်။ ပဲခူးမြို့ ကန်တော်ကြီးအနီး မြေဧကပေါင်း ၁၄၅၀ အနက် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေယာအဖြစ် ၁၄၀ ဧက သတ်မှတ်ပေးခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှာ သစ်တောရေးရာဝန်ကြီးဌာနမှ စီမံကိန်းစာ ၁၉ (၈/၅၃၅၇/-၅၃၆) ဖြင့် ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်း အပါအဝင် လူပုဂ္ဂိုလ်လေးဦးနဲ့ ကုမ္ပဏီတစ်ခုတို့ကို ပုဂ္ဂလိက ရော်ဘာစိုက်ခင်းများ လုပ်ကိုင်ခွင့်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
Source: The Voice
duwun.com.mm
ရခင်အဆက်
မြေယာသိမ်းမှု ပြဿနာတွေကို သုံးနှစ်အတွင်း အပြီးပြတ်ဖြေရှင်းမယ်လို့ ဦးဖြိုးမင်းသိန်းပြော
လယ်ယာမြေနဲ့ မြေလွတ်၊ မြေရိုင်းတွေ ရယူထားတဲ့ ကုမ္ပဏီတွေဟာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှု အားနည်းချက်တွေ ရှိနေတာကို တိုင်းဒေသကြီး အစိုးရအနေနဲ့ စိုက်ပျိုးလုပ်ကိုင်ဖို့ တွန်းအားပေးသွားမှာ ဖြစ်တယ်။
ရန်ကုန်တိုင်းက မြေယာသိမ်းဆည်းမှု ပြဿနာတွေကို အစိုးရသက်တမ်း သုံးနှစ်အတွင်း အပြီးဖြေရှင်းဆောင်ရွက်သွားဖို့ စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။
မြေသိမ်းယာသိမ်းပြဿနာတွေကို သုံးနှစ်အတွင်း အပြီးပြတ်အောင်လုပ်ဆောင်ဖို့ တိုင်းအစိုးရအနေနဲ့ လျာထားပြီး ဒီပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရာမှာလည်း အစိုးရအမြင်၊ ၀န်ကြီးဌာနအမြင်၊ ပြည်သူလူထု အမြင်တွေကို ပေါင်းစပ်လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိရန်ကုန်တိုင်းမှာ လယ်ယာမြေနဲ့ မြေလွတ်၊ မြေရိုင်းတွေ ရယူထားတဲ့ ကုမ္ပဏီတွေဟာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှု အားနည်းချက်တွေ ရှိနေတာကို တိုင်းဒေသကြီး အစိုးရအနေနဲ့ စိုက်ပျိုးလုပ်ကိုင်ဖို့ တွန်းအားပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြေတန်ဖိုးကြီးမြင့်လာတာ၊ မြေဈေးကစားလိုသူတွေနဲ့ ငွေကြေးခ၀ါချလိုသူတွေက ဈေးနှုန်းတိုးမြှင့်ပေးပြီး လယ်ယာမြေ ၀ယ်ယူရင်းနှီးမြှုပ်နှံမှုကြောင့် လယ်သမားတွေက လယ်ယာလုပ်ငန်းခွင်မှ စွန့်ခွာရမှုတွေရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
Source: 7Day Daily
Photos : Naw Pann Thinzar Myo
Post A Comment:
0 comments: