About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

နှုတ်ခမ်းသားခြောက်သွေ့ ညိုမဲနေတာတွေကို သဘာဝအတိုင်း ပန်းရောင်ပြန်သန်းစေဖို့

နှုတ်ခမ်းသားတွေ ခြောက်သွေ့ပျက်ဆီးပြီး ညိုမဲနေလို့ စိတ်ညစ်နေလား။ သဘာဝနည်းလမ်းနဲ့ ကုသလို့ရနေပါပြီနော်။ ရိုးရှင်းလွယ်ကူလို့ စာဖတ်သူတို့ အကြိုက်တွေ့မှာပါ။
ပါဝင်ပစ္စည်း
ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြင်ဆင်ခြင်း
ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်လုံးထဲရောပြီး မွှေလိုက်ပါ။ အရည်အရမ်းကျဲနေရင် သကြားထပ်ထည့်ပါ။
ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင် နှုတ်ခမ်းသားပေါ်လိမ်းပေးပြီး သွားပွတ်တံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနွေးနဲ့ ရေဆေးချပါ။
ပျားရည်ကိုဘာလို့သုံးတာလဲ   
 

ပျားရည်ဟာ အသားအရေကို အဟာရဓါတ်ပေးစွမ်းနေပြီး ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။
သံလွင်ဆီ                   
သံလွင်ဆီမှာ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ Antioxidant တွေပါဝင်လို့ နှုတ်ခမ်းသားကို နူးညံ့ချော့မွတ်စေမှာဖြစ်ပြီး အသားအရေ ခြောက်သွေ့မှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
သကြား
သကြားဟာ ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး အညစ်အကြေးတွေကိုဖယ်ရှားပေးနိုင်သလို နှုတ်ခမ်းသားကို သဘာဝအတိုင်း ပြန်လည်ဖြစ်စေပါတယ်။

mystylemyanmar.com
Share
Banner

ကိုမိုး

Post A Comment:

0 comments: