About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ပန်းသီးနဲ့ အလှပြင်မယ်

အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက် သင့်တော်ပါတယ်။
ပန်းသီးတစ်လုံးရဲ့ ကုန်ကျစရိတ်ဟာ ပြောပလောက်အောင် မရှိပါဘူး။ ပန်းသီးကို သွားရည်စာအဖြစ် စားသုံးလို့ရသလို အလှအပ အတွက်လည်း အကျိုးရှိအောင် အသုံးချနိုင်ပါတယ်။
play

ပန်းသီးနဲ့ အလှအပ လမ်းညွှန်
ပန်းသီးဟာ ပျိုမေတို့ရဲ့ အလှအပ အကျိုးကျေးဇူးကိုလည်း ဖြစ်ထွန်းစေတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားပြီးလို့ ပါးစပ်အနံ့ဆိုးထွက်လာရင် ထန်းလျက် စားတာတို့အပြင် ပန်းသီးစားတာဟာလည်း အနံ့ဆိုးကို ပယ်ဖျောက်စေ နိုင်ပါတယ်။
play

အရေပြား တွန့်ခြင်းအတွက်
မရင့်မှည့်သေးတဲ့ ပန်းသီးတစ်လုံးကိုယူပါ။ ကြိတ်ချေပါ။ ပြီးရင် မျက်နှာကိုလိမ်းပြီး ရေနဲ့ဆေးကြောပေးပါ။ နေလောင်တာတွေ၊ အရေပြားတွန့်ခြင်းကိုလည်း ပြေလျှော့စေပါတယ်။ ရေနဲ့ မဆေးခင်မှာ မျက်နှာပေါ်မှာ (၁၀) မိနစ် ကနေ မိနစ် (၂၀) အထိ လိမ်းထားပေးရမှာ ဖြစ်ပါတယ်။
play
အဆီပြန်သော အသားအရေနှင့် ဝက်ခြံသမားများအတွက်
ပန်းသီးအစိမ်း တစ်လုံးကိုယူပြီး ချေပါ။ ပြီးရင် ပျားရည်ဆတူ ထည့်ပြီး ရောပေးပါ။ အဲဒီရောထားတဲ့ အရည်ကိုမှ မျက်နှာလိမ်းပေးပါ။ (၁၀) မိနစ်လောက် ထားပြီးတော့မှ ရေအေးနဲ့ ပြန်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ နောက်ထပ် တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (စားပွဲတင်ဇွန်း) နဲ့ ပန်းသီးအခွံခွာထားတဲ့ နှစ်လုံးကိုယူပြီး ရောစပ်ပါ။ ပန်းသီးနဲ့ ပျားရည် ရောသွားအောင် ရောစပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် မျက်နှာပေါ်မှာ မိနစ် (၃၀) မျှ သုတ်လိမ်းပေးရမှာဖြစ်တယ်။ ပြီးမှ ရေနဲ့ ပြန်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်စေပြီး မျက်နှာကို ကြည်လင် ဝင်းပစေပါတယ်။ အထူးသဖြင့် ဒီနည်းဟာ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက် သင့်တော်ပါတယ်။


ပန်းသီး တိုနာ
ပန်းသီး ဖျော်ရည်ခွက် တစ်ဝက်စာနဲ့ သခွားသီး အသေးနှစ်လုံးတို့ကို ရောစပ်ပြီး မျက်နှာကိုလိမ်းပေးပါ။ မိနစ် (၂၀)လောက် ထားပေးပါ။ ပြီးမှ ရေနဲ့တစ်ဖန် ပြန်ဆေးပေးပါ။
Share
Banner

ကိုမိုး

Post A Comment:

0 comments: