About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

YBS စနစ်ဟာ တခြားနိုင်ငံတွေထက် သာစေရမယ်လို့ ဦးဖြိုးမင်းသိန်းပြော

ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေအားလုံးကို စက်တခုတည်းနဲ့ ထိန်းချုပ်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
play

YBS စနစ် တစ်လပြည့်ပြီးနောက်မှာ ခရီးသည်တွေအနေနဲ့ အခက်အခဲတွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့် YBS စနစ်ဟာ အခြားနိုင်ငံတွေရဲ့ သယ်ယူပို့ဆောင်ရေး စနစ်တွေထက်သာစေရမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။
DVB သတင်းဌာနရဲ့ဖော်ပြချက်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးမှာ ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်တဲ့ YBS နဲ့ ဆက်စပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
နောက်ကျခြင်းဟာ အားသာချက်တစ်ရပ်ဖြစ်ပြီး   နောက်ဆုံးနည်းပညာအားလုံးကို ယူပြီးတော့ သုံးစွဲသွားမှာဖြစ်တယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
play

လက်ရှိပြေးဆွဲနေတဲ့ မော်ဒယ်နိမ့် ဘတ်စ်ကားတွေကို ၃ လအတွင်း ဘတ်စ်ကားအသစ်တွေနဲ့ အစားထိုး ပြေးဆွဲသွားမှာ ဖြစ်သလို နောက်ဆုံးပေါ်ယာဉ်စီးခ ကတ်စနစ်ပြုလုပ်မယ့်အပြင် ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေအားလုံးကို စက်တခုတည်းနဲ့ ထိန်းချုပ်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းဖို့အတွက် water taxi လုပ်ငန်းကို မေလမှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိမှာလည်း ကုမ္မဏီတခုကို လုပ်ကိုင်ခွင့်ချပေးထားကြောင်းလည်း သိရပါတယ်။
အဆင့်သုံးဆင့်လုပ်မှာဖြစ်ပြီး  ကုမ္ပဏီတွေထူထောင်ခြင်း၊ ဘတ်စ်ကားတွေ အဆင့်မြှင့်ခြင်းနဲ့  အော်ပရေတာ တစ်ခုကနေ ဘတ်စ်ကားတွေအကုန်လုံးကို မြင်ကွင်းထဲမှာပဲ ရှိနေရမှာဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
play

ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းစနစ်သစ်ဟာ လက်ရှိမှာ အချိန်တစ်လကျော် ကြာမြင့်တဲ့အထိ ကားစီးရေ မလုံလောက်တဲ့ ပြဿနာကြောင့် ခရီးသွားပြည်သူတွေအတွက် အခက်အခဲ ရှိနေသေးတာဖြစ်ပါတယ်။
Source: DVB
Photos: 7Day Daily , စိုင်းဇော်

duwun

ယခင်အဆက်>>>>>>

လက်မှတ်ရောင်းတဲ့ နေရာတွေမှာပဲ ထားသွားမယ်လို့ဆိုပါတယ်။
play

ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ ယာဉ်အကူမပါဘဲ ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်နေပြီး လက်ရှိအချိန်မှာ ယာဉ်အကူအဖြစ် လုပ်ကိုင်နေသူတွေကို  ခရီးသည်ဝန်ဆောင်မှုတာဝန်နဲ့ အလုပ်အကိုင်ပြန်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံကနေ သိရပါတယ်။
YBS ယာဉ်လိုင်းတွေမှာ ယာဉ်အကူတွေ အသုံးမပြုတော့ပမယ့် အလုပ်လက်မဲ့ မဖြစ်စေဖို့ မှတ်တိုင်တွေမှာ လမ်းညွှန်ဝန်ဆောင်ပေးတဲ့ စနစ်နဲ့ ဆောင်ရွက်ဖို့ ဖေဖော်ဝါရီလ၁၇ ရက်က YBS ပြေးဆွဲမှုတစ်လပြည့် သတင်းစာရှင်းလင်းပွဲမှာ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာပါ။
“ဝန်ကြီးချုပ်ရဲ့ ရည်ရွယ်ချက်က နောက်ပိုင်းမှာ ယာဉ်နောက်လိုက်ကိုလက်မခံတော့ဘူး။ လက်မှတ်ရောင်းတဲ့ နေရာတွေမှာပဲ ထားမှာပါ”လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဆိုပါတယ်။
play

YBS ယာဉ်စီးခတွေ ကိုပေးဆောင်ဖို့အတွက် ငွေပေးချေကတ်စနစ်ကို ဧပြီလမှာ အကောင်အထည်ဖော်မယ်လို့ ဝန်ကြီးချုပ်က မျှော်မှန်းထားပြီး အဆိုပါစနစ်က အချိန်ယူလုပ်ကိုင်ရမယ်လို့ ဒေါက်တာ မောင်အောင်က ပြောပါတယ်။
လတ်တလောပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ ယာဉ်မောင်းတစ်ဦးကို ကျပ်တစ်သောင်းခွဲခန့်နဲ့ ယာဉ်နောက်လိုက်တစ်ဦးကို ကျပ်၈၀ဝ၀၊ ၁၀ဝ၀ဝ ရရှိနေတယ်လို့ ဆိုပါတယ်။YBS ယာဉ်လိုင်းမှာ ပြေးဆွဲနေတဲ့ ယာဉ်လုပ်သားတွေမှာ ယာဉ်မောင်း ၄၀ဝ၀ ဦးကျော်ရှိပြီး ယာဉ်အကူ ၃၈၀ဝ လောက်ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်း ၈၀ ကျော်ရှိပြီး ယာဉ်စီးရေ ၄၀ဝ၀၊ ဘတ်စ်ကားမှတ်တိုင်၂၀ဝ၀ ပတ်ဝန်းကျင်ရှိပြီး လက်ရှိတွင် YBS ၂၁၊ ၃၆၊ ၃၇ ယာဉ်လိုင်းတွေမှာ ယာဉ်အကူမပါဘဲ
ပြေးဆွဲနေပါတယ်။
Source : The Voice
Photos : The Voice,7DayDaily
Share
Banner

ကိုမိုး

Post A Comment:

0 comments: