About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

၂၀၁၇ တွင် စောင့်ကြည့်ရမည့် တီထွင်မှု အဖျက်စွမ်းအား နည်းပညာ ၁၅ ခု

နည်းပညာ၏ အဖျက်စွမ်းအားဟူသည် နည်းပညာ ပေါက်ကွဲမှုနှင့်အတူ အဟောင်းသော နေထိုင်မှုပုံစံနှင့် အသုံးအဆောင်များကို ပြောင်းလဲတော်လှန် ပစ်ခြင်းပင် ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း ပေါက်ထွက်လာသော နည်းပညာသစ်များကို တွေ့မြင်ပြီး ဖြစ်ကြပြီဖြစ်သည်။ AI, VR, AR, Chatbots နှင့် အလိုအလျောက်မောင်းနှိင်သည့်ကားများမှာ အဆိုပါနှစ်၏ ရှေ့ဆောင်နည်းပညာများ ဖြစ်ခဲ့ကြသည်။ ၂၁၀၇ ခုနှစ်အတွင် အခု အရှိန်အတိုင်း တက်နေပါက စောင့်ကြည့်ရမည့် နည်းပညာ ပေါက်ကွဲမှု များစွာရှိနေသည်။ ၎င်းတို့အထဲမှ အဖြစ်နိုင်ဆုံး ၁၅ ခုကို ရွေးချယ်ဖော်ပြ လိုက်ခြင်းဖြစ်သည်။
စက်ရုပ်တွေက လုပ်ဖော်ကိုင်ဖက် ဖြစ်လာမယ်
၂၀၁၇ ခုနှစ်ကတော့ သိပ္ပံဝတ္ထုတွေ လက်တွေ့ ဖြစ်လာမယ်နှစ်လို့ ဆိုရမှာပါ။ စက်ရုပ်တွေက ကုန်ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်တွေထဲကို အများအပြား ဝင်လာကြမှာပါ။ နည်းပညာမြင့် စက်ရုပ်တွေလည်း ဈေးကွက်ထဲကို ဝင်လာကြမှာဖြစ်ပြီး သူတို့က ဒစ်ဂျစ်တယ်လက်ထောက် တစ်ယောက်အဖြစ်တောင် နေထိုင်ပြုမှုလာကြမှာ ဖြစ်ပါတယ်။
ဝတ်ဆင်မှု နည်းပညာမှသည် ကိုယ်တွင်းသို့
၂၀၁၆ ခုနှစ်မှာတော့  ကျန်းမာရေးနှင့် အားကစား လောကအတွက် ဝတ်ဆင်မှုနည်း ပညာထုတ်ကုန်များ တိုးတက်ဖြစ်ထွန်း လာကြသည်။  လက်ရှိတွင် ခန္ဓာကိုယ်တွင်း တပ်ဆင်နိုင်မည့် နည်းပညာ ထုတ်ကုန်များကို စမ်းသပ်နေကြပြီ ဖြစ်သည်။ ယနေ့အချိန်တွင် လူပေါင်း ၅၀,၀၀၀ ခန့် အထိမှာ electronic RFID implants ဝတ်ဆင်ပြီးသား ဖြစ်နေကြပြီ။ ထို့အပြင် Intel ၌ စမတ် device များကို ဦးနှောက်မှတစ်ဆင့် ထိန်းချုပ်နိုင်မည့် ချပ်စ်ရှိနေပြီဖြစ်သည်။ ဦးနှောက်ထဲတွင် VR တည်ဆောက်မည့် Elon Musk’s မျက်လုံးလည်း ရှိနေပြီဖြစ်သည်။
Bots က ထိန်းချုပ်လိုက်တဲ့ Apps
စက်ရဲ့နားလည်နိုင်စွမ်းမှာ AI နည်းပညာကို အဆင့်မြင့်မြင့် ပေါင်းစပ်ထည့်သွင်း အသုံးချထားမှုနှင့် Cloud software  များမှာ Chatbot ပလက်ဖောင်းကို အမှန်တကယ် တိုးတက်ဖြစ်ပေါ် လာစေမည်ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်မှာ စီးပွားရေး လုပ်ငန်းများ အတွက် အကျိုးအမြတ်ရရှိရန် အခွင့်အလမ်း ဖြစ်လာမည်။ အဆိုပါ နည်းပညာကို ဖောက်သည်ဆိုင်ရာ အထောက်အပံ့ (Customer Support) အတွက်သာမက နည်းပညာ ကုမ္ပဏီကြီးများမှာ အမျိုးမျိုးသော ပူးပေါင်းလုပ်ကိုင်မှုဆိုင်ရာ ဝန်ဆောင်မှုများနှင့်အတူ ဖောက်သည်များနှင့် အပြန်အလှန်ပြောဆိုလုပ်ကိုင် ရန်အတွက် Bots တွင် ရင်းနှီးမြှုပ်နှံလာကြသည်။
မျိုးရိုးဗီဇ ပြင်ထားသည့် ဘဝများ
၂၀၁၆ အတွင်း DNA တည်းဖြတ်မှုဆိုင်ရာ နည်းပညာကို ဇီဝဗေဒပညာရပ်၏ အပြောင်းအလဲတစ်ရပ် အဖြစ်မြင်ခဲ့ပြီ ဖြစ်သည်။ ပြုပြင်ပြောင်းလဲလွယ်သော Gene များကို တည်းဖြတ်ပြင်ဆင်ခြင်း၊ ဗီဇပြုပြင် ပြောင်းလဲထားသော ကလေးများ၊ မျိုးရိုးဗီဇ ပြုပြင်ထားသောခြင်များနှင့် ဖြစ်နိုင်ခြေရှိသော ဇီဝဗေဒဆိုင်ရာ လက်နက်များ ပြုပြင်ထုတ်လုပ် လာနိုင်ကြပြီဖြစ်သည်။ လက်ရှိအရှိန်ဖြင့် တိုးတက်နေပါက နောက်ထပ် အဖျက်စွမ်းအား ကြီးမားသော ပရောဂျက်များ ထွက်ပေါ်လာစရာ ရှိနေသည်ကို သံသယဖြစ်ဖွယ် မရှိချေ။
လုပ်ငန်းနယ်ပယ်များ အတွင်းသို့ 3D Printing နည်းပညာဝင်လာ
3D Printing နည်းပညာ၏ အမြန်နှုန်းနှင့် ပမာဏချဲ့ထွင်လာမှုမှာ လွန်ခဲ့သော ၃ နှစ် ထက် ပိုမိုမြန်ဆန်လာသည်။ ၎င်းသည် နည်းပညာ၏ တော်ဝင် အစိတ်အပိုင်း ဖြစ်လာနိုင်ပြီး ကုန်ထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေး လောကတို့ကဲ့သို့ များစွာသော နယ်ပယ်များတွင် အဓိက အစိတ်အပိုင်း ဖြစ်လာနိုင်သည်။ သိပ်မကြာခင်ကာလတွင် အလွန်ကြီးမားသော 3D Printer ဖြင့် ဆောက်လုပ်ရေး နယ်ပယ်၌ ထုတ်ကုန်များ ထုတ်လုပ်နေသည်ကို တွေ့မြင့်ရဖွယ် ရှိနေသည်။ 3D Printer ၏ ကျေးဇူးဖြင့် ထုတ်ကုန်များကို သုံးစွဲသူ စိတ်ကြိုက်ထုတ်နိုင် တော့မည်ဖြစ်သည်။
AI မှ ကျွမ်းကျင်မှု နယ်ပယ်များကို အစားဝင်ရောက်လာမည်
ယခုနှစ်များအတွင်း စက်မှသိနားလည်မှု စွမ်းအားမြင့်တက်လာသည်။ စက်မှလူတစ်ဦး လုပ်ကိုင်နိုင်သည့် အချက်များကို လုပ်ကိုင်လာနိုင်သည်။ လုပ်ငန်းခွင်များအတွင်း လုပ်ကိုင်နေကြသော ကျွမ်းကျင် လုပ်သားများနေရာတွင် ဒီဂျစ်တယ် နည်းပညာမှ အစားထိုးနေရာ ယူလာမည်ဖြစ်ပြီး ကော်လံပြာနှင့် ကော်လံဖြူ  လုပ်သားများ၏ ဈေးကွက်ကို အစားထိုးဝင်လာမည့် အချိန်မှာ သိပ်မကြာတော့ချေ။
လက်တွေ့ နယ်ပယ်အတွင်း ရောက်လာသော Quantum Computing
၂၀၁၇ ခုနှစ်မှာ Quantum Computing အတွက် သတိထား စောင့်ကြည့်ရမည့် နှစ်ဖြစ်လာသည်။ အဆိုပါ နည်းပညာမှာ စီးပွားရေးဆိုင်ရာ မော်ဒယ်တစ်ခု ဖြစ်လာနိုင်ပြီး ကျယ်ပြန့်ရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ဒီနည်းပညာက လုပ်ဆောင်လာနိုင် ပါလိမ့်မည်။
လမ်းမများပေါ်က အလိုအလျောက် မောင်းနှင်နေသော ယာဉ်
၂၀၁၆ ခုနှစ်အတွင်း အလိုအလျောက် မောင်းနှင်နိုင်သည့် ယာဉ်များကို ထုတ်လုပ်နိုင်ရန်အတွက် သုတေသနများ ပုံအောလုပ်လာ ကြပါသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုအတွက် Google နှင့် Tesla တစ်ခုတည်းသာ လုပ်ဆောင်ကြသည်မဟုတ် ကားလုပ်ငန်းအုပ်စုကြီး အများအပြားကပါ လုပ်လာကြခြင်း ဖြစ်သည်။ Uber ကဲ့သို့သော တက္ကစီကုမ္ပဏီများမှ အလိုအလျောက် မောင်းနှင်နိုင် သည့် တက္ကစီများကို စတင်စမ်းသပ် နေကြသည်။ ၂၀၁၇ ခုနှစ်သည် ကားများအတွက် နည်းလမ်းဟောင်းများကို တိုက်ဖျက်မည့် နည်းပညာသစ်များ အကြီးအကျယ် ပေါ်ထွန်းလာဖွယ် ရှိနေသည်။
ဘဏ်များထက် Block chain ပိုမိုတွင် ကျယ်လာမည်
ဘဏ်များထက် Biticoin ကဲ့သို့သော အကန့်အသတ် မရှိသော ငွေကြေးကို သုံးစွဲသည့် Blockchain နည်းပညာများ ထွန်းကားလာနေမှုကို ၂၀၁၆ တွင် မြင်တွေ့ခဲ့ကြရသည်။ ယခုနှစ်တွင် လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု များနှင့်အတူ ဖက်ရှင်နှင့် သီချင်းလုပ်ငန်း နယ်ပယ်တွင် စမ်းသပ်လုပ်ကိုင်မှုများကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
ဈေးကွက်ဝင်လာသည့် Virtual Reality
ဂိမ်းနှင့် ဖျော်ဖြေရေး ကဏ္ဍပိုင်းတို့တွင် အကန့်အသတ်များ မရှိကြပေ။ ၂၀၁၇ ခုနှစ်တွင်  ကုမ္ပဏီအများစုမှာ VR နည်းပညာကို အသုံးချလာစရာ ရှိနေသည်။ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်၌ တီထွင်ဆန်းသစ်မှုများ ရှေ့တန်းထွက်လာမည်ဖြစ်ပြီး ခရီးသွားနယ်ပယ်၌လည်း အကျိုးဖြစ်ထွန်း လာနိုင်သည်။ လက်ရှိအချိန် မှာ Virtual Reality ကို ဈေးကွက်တင်ရန်အတွက် စဉ်းစားရမည့် အချိန် ဖြစ်လာသည်။
Augmented Reality မှ Mixed Reality သို့
Augmented Reality မှာ ၂၀၁၆ ခုနှစ်အတွင်း ထွက်ခဲ့သည့် Pokemon Go ကဲ့သို့ ကမ္ဘာသုံးဖြစ်လာပြီး AR လုပ်ငန်းပယ်၏ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဝင်ငွေမှာ ၂၀၂၀ ခုနှစ်တွင် ကန်ဒေါ်လာ ၉၀ ဘီလီယံ
ရှိလာလိ့မ်မည်ဟု မျှော်မှန်းထားကြသည်။ AR/VR နည်းပညာ များအတွက် ရင်းနှီးမြှုပ်နှံမှု အပိုင်းများပြားခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရှိလာမည်ဟု မျှော်မှန်းထားသည်။ လက်ရှိ အချိန်တွင် Microsoft မှ MR ပလက်ဖောင်းကို developer များအတွက် ဖွင့်လှစ်ပေးထားသည်။ အထက်ပါ ဆောင်ရွက်ချက်မှ အသီးအပွင့်များကို ၂၀၁၇ ခုနှစ်အတွင်း မြင်တွေ့ရဖွယ်ရှိနေသည်။

စက်ရုပ်များ ကိုယ်တိုင် သင်ယူမှု
စက်ရုပ်များ၏ ကိုယ်တိုင် လေ့လာသင်ယူ နိုင်စွမ်းမှာ ၂၀၁၆ ခုနှစ်အတွင်း ထွက်ပေါ်လာသော နည်းပညာများထဲမှ တစ်ခုဖြစ်သည်။ ကိုယ်ကျင့် တရားပိုင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှု ပြဿနာများ ရှိနေသော်လည်း စက်ရုပ်များ၏ ကိုယ်တိုင်သင်ယူ လေ့လာနိုင်စွမ်းအတွက် လုပ်ကိုင်ဆောင်ရွက်မှုများ ကျသွားမည် မဟုတ်ဘဲ ၂၀၁၇ အတွင်း စောင့်ကြည့်ရမည့် နည်းပညာ ဖြစ်လာမည်။
Cybersecurity Wars
၂၀၁၆ ခုနှစ်အတွင်း ဆိုက်ဘာ တိုက်ခိုက်မှုမှာ အဆင့်တိုင်းကို သက်ရောက်ပြီး စီးပွားရေးအရ ဖောက်သယ်များနှင့် စီးပွားရေး လုပ်ငန်းများကိုလည်း တိုက်ခိုက်လာကြသည်။  အဆိုပါဖြစ်စဉ်မှာ ကမ္ဘာလုံးဆန်လာပြီး တစ်ကမ္ဘာလုံးဆိုင်ရာ အစိုးရအရွေ့သို့ တွန်းပို့လာနေသည်။ တစ်ခုသေချာသည်မှာ မည်သူတစ်ဦး တစ်ယောက်မှ ခြိမ်းခြောက်မှုများ ကျော်လွှားလျစ်လျူ ရှုနိုင်ခြင်း မရှိသည့် အချက်ဖြစ်သည်။ ကြီးမား ကျယ်ပြန့်လာသော အချက်အလက်များနှင့် IoT စီးပွားရေး နယ်ပယ်အတွက် အခက်အခဲ တစ်ခုဖြစ်ပြီး စီးပွားရေးလောကနှင့် ဖောက်သည်များ၏ အားနည်းချက်များမှာလည်း လုံခြုံရေးအတွက် ထည့်စဉ်းစားရမည့် အချက်ဖြစ်သည်။
အရာရာတိုင်း အင်တာနက်ပေါ် ရောက်လာမယ်
ပန်းခြံ၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ အားကစား မှသည် ဥယျာဉ်ခြံ စိုက်ပျိုးရေးနှင့် ဆေးပညာအဆုံး အရာရာတိုင်းက ၂၀၁၆ ခုနှစ်အတွင်း အင်တာနက်နှင့် ချိတ်ဆက်လာကြသည်။ အင်တာနက်နှင့် ချိတ်ဆက်ထားသော ကားများနှင့် အီလက်ထရွန်နစ် နည်းပညာသုံးအိမ် (Smart Home) များမှာလည်း လက်တွေ့ဖြစ်လာသည်။  လက်ရှိတွင် အီလက်ထရွန်နစ် နည်းပညာသုံးမြို့တော် (Smart Cities) နှင့် Internet of Things (IoT) များကလည်း ထုတ်ကုန်များနှင့် နေထိုင်မှု ပုံစံများအပြင် စီပွားရေး မော်ဒယ်သစ်များကို ဖော်ဆောင်လာနေသည်။ ကုမ္ပဏီများမှာ ဖောက်သည်များနှင့် မျက်နှာချင်းဆိုင် တွေ့နိုင်မည့် Application များနှင့် ဖောက်သယ်များမှ ထုတ်လုပ်လိုက်သော အချက်အလက်များကို လမ်းညွှန်နိုင်မည့် အရာများသို့ လမ်းကြောင်း ပြောင်းကြည့်ခြင်းများသည် ၂၀၁၇ ခုနှစ်အတွင်း တွေ့နိုင်သည့် အချက်ဖြစ်သည်။
ပြန်လည်ပြည့်ဖြိုးမြဲနှင့် သန့်ရှင်းသော စွမ်းအင်
လျှပ်စစ်ကား၊ နေရောင်ခြည် စွမ်းအင်သုံးမြို့တော် စသည်တို့မှာ နည်းပညာ ကုမ္ပဏီများကြိုးပမ်းနေသည့် အရာများထဲမှ ထိပ်တန်းအရာများ ဖြစ်သည်။ သုံးစွဲသူအများစုမှ လက်ရှိတွင် Green Energy ကို နှစ်သက်လာနေကြသည်။ စွမ်းအင်ကုမ္ပဏီများမှ  နေရောင်ခြည်စွမ်းအင်၊ လေအားလျှပ်စစ်၊ ဒီရေမှ ရယူသော လျှပ်စစ်၊ စွန့်ပစ်ပစ္စည်းများမှ ထုတ်ယူသော လျှပ်စစ်နှင့် ကမ္ဘာ့မြေ အပူစွမ်းအင် နည်းပညာနှင့် Virtual Power Station (နေရောင်ခြည် စွမ်းအင်ကို သိုလှောင်၍ သုံးစွဲသူများထံသို့ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးသော လျှပ်စစ်ဓာတ်အားပေးစက်ရုံ) များမှာ အားထားစရာ နည်းပညာသစ်များ ဖြစ်လာပေမည်။
Chatbots ၅ မျိုး
“ကုန်အမှတ်တံဆိပ် အတွက် ဖောက်သည်များနှင့် ပြောင်းလဲ ဆက်သွယ်ရမယ့်နည်းလမ်း”
ယခုလအတွင်း၌ စတင် တည်ထောင်ခါစ chatbot လုပ်ငန်းဖြစ်သော Cleo က ရင်းနှီးမြှုပ်နှံ သူများနှင့် Skype တည်ထောင်သူထံမှ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၇၀၀,၀၀၀ ရရှိလိုက်သည်။ ဆက်လက်ပြီး chatbot start-up
များကို ကုမ္ပဏီကြီးများမှ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ Artificial Intelligence နည်းပညာ စွမ်းဆောင်ရည်ကြောင့် chatbot များ ထွက်လာကြပြီး စီးပွားရေး၊ မားကက်တင်း၊ လက်လီဆိုင်နှင့် ဖျော်ဖြေရေး လုပ်ငန်းနယ်ပယ်များ၌ နေရာယူလာကြသည်။ အောက်ပါ  ၅ ခုမှာ အသစ် တည်ထောင်ခါစ chatbot ကုမ္ပဏီများထဲမှ စောင့်ကြည့်ရမည့် ကုမ္ပဏီများ ဖြစ်သည်။

Cleo
အင်္ဂလန်ခြေစိုက် Cleo မှာ AI နည်းပညာသုံး chatbot ကို တီထွင်ပြီး ဈေးကွက်ဝင်လာသည့် ကနဦး လုပ်ငန်းတစ်ခုဖြစ်သည်။ Financial assistant အဖြစ် Cleo ၏ chatbot က လုပ်ဆောင်ပြီး  Cleo app သို့မဟုတ် Facebook Messenger မှတစ်ဆင့် ရယူနိုင်မည် ဖြစ်သည်။ ငွေကြေးသုံးစွဲမှုကို စောင့်ကြည့်ရန်နှင့် လက်ကျန်ကို အသိပေးရန် စသည်တို့အတွက် စာတွေနှင့် သို့မဟုတ် အသံနှင့်ချိတ်ဆက်၍ ခိုင်းစေနိုင်သည်။ ၂၀၁၆ အကုန်ပိုင်းလောက်မှ စတင်၍ တည်ထောင်ခဲ့ပြီး ကုမ္ပဏီ၏ ရည်မှန်းချက်မှာ ဘဏ္ဍာရေးဆိုင်ရာ ရှုပ်ထွေးမှုများနှင့်  FinTech နှင့် InsurTech လမ်းကြောင်းအ ရွေ့အတွက် ကိုယ်စားပြုရန် ဖြစ်သည်။
Aiden
၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး TechCrunch Disrupt London 2016 ၌ ၎င်းကို ပြသခဲ့သည်။ မားကက်တင်း ဘက်ဂျက်များကို စီမံခန့် ခွဲနိုင်ရန် စီးပွားရေး လုပ်ငန်းများကို ကူညီနိုင်မည့် Virtual လုပ်ဖော်ကိုင်ဖက်ကို ကုမ္ပဏီမှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Marie Outtier မှာ မားကက်တင်း နယ်ပယ်၌ ကျင်လည်ခဲ့သူဖြစ်ပြီး AI အခြေပြု တစ်ကိုယ်ရည် လက်ထောက်များ (personal
assistants) ကိုအသေးစားနှင့် အလယ်အလတ် တန်းစားလုပ်ငန်း (SME) များနှင့် ဒီဂျစ်တယ် အေဂျင်စီများအတွက် ဈေးကွက်ဖော်ဆောင်ရေး ဗျုဟာများ ချမှတ်နိုင်ရန် လုပ်ဆောင်ချင်နေသူ တစ်ယောက် ဖြစ်သည်။ Outtier အဆိုအရ ဈေးကွက်ရှာသူများမှာ တစ်ပတ် လျင် ၁၀ နာရီခန့်အထိ အချက်အလက်များကို ရှာဖွေလေ့လာ နေရကြောင်း၊ Aiden မှာ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်စွမ်းနှင့် သိမှတ်နားလည်မှု စွမ်းရည်ရှိအောင် ပြုလုပ်သည့်အတွက် ထိုအရာများကို လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ Aiden အနေဖြင့် အချက်အလက်များကို Facebook နှင့် Google Analytics တို့မှ အချက်အလက်များကို ကောက်ခံမည်ဖြစ်ပြီး သုံးစွဲသူကို အကြံဥာဏ်များ ပေးသွားနိုင်မည် ဖြစ်သည်။
 
Swelly bot

Swell မှ Swell bot ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြန့်ချိခဲ့သည်။ လူအဖွဲ့အစည်း အတွင်းရှိ သုံးစွဲသူများ၏ ထောက်ခံချက်များကို ကောက်ယူ စုဆောင်းထားသော Bot တစ်ခုဖြစ်သည်။ Swell အဖွဲ့ဝင် များမှ လူများမှာ အခြားသူများ၏ ထင်မြင်ချက်များကို မည်မျှစိတ်ဝင်စား သည်ကိုအခြေခံ၍ chatbot ကို တည်ဆောက်ထားခြင်း ဖြစ်ကြောင်းနှင့် ဆိုင်များတွင် ဝန်ထမ်းများမှ ပြောသည်ထက် အခြားသူများ၏ ထောက်ခံပြောဆိုမှုကို အတည်ယူကြသည့် အချက်ကို ကြည့်၍ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ပြောထားသည်။ အကောင်းဆုံး စားသောက်ဆိုင် များ၊ နေရာများနှင့် စီးပွားရေးနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများ အားလုံးအတွက် သုံးနိုင်သည်။ လက်ရှိတွင် Swell bot ကိုသုံးစွဲသူပေါင်း ၁.၅ သန်းရှိနေပြီ ဖြစ်သည်။
Kip
Kip မှာ စီးပွားရေးလုပ်ငန်းများ အတွက် ဝယ်ယူမှုများကို အခြေခံတည်ဆောက် ထားသည့် chatbot ဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင်း တည်ဆောက်ထားခြင်းဖြစ်ပြီး ကုမ္ပဏီများမှ ၎င်းတို့၏ လိုအပ်ချက်များကို bot ကို မေးမြန်းခြင်းဖြင့် ရရှိနိုင်ရန် တည်ဆောက်ထားသည်။ ဈေးနှုန်းများနှိုင်း ယှဉ်စေခြင်းဖြင့် အကောင်းဆုံး ဈေးကို သိရှိရခြင်း၊ ဝယ်ယူနိုင်မည့် နေရာလိပ်စာများကို သိရှိရခြင်း အစရှိသော အကျိုးကျေးဇူးများကို  Kip Bot က ပေးနိုင်သည်။ မိမိသိလိုသည်များကို instant messaging နှင့် sharing plat-form များကို သုံး၍ လုပ်ဖော်ကိုင်ဖက်များကို မေးနိုင်မည့်အပြင် အဆိုပါလုပ်ဖော်ကိုင်ဖက်မှ Kip မရှိလျှင်ပင် item များကို အီးမေးလ် မှတစ်ဆင့် ပြန်လည်ဖြေဆို ပေးပို့နိုင်မည် ဖြစ်သည်။ ၎င်းအပြင် တစ်ကိုယ် ရည်ဈေးရောင်းသူများကို စစ်တမ်းများ ကောက်ပေးနိုင်သည်။ သို့သော် လက်ရှိတွင် Kip ကို Amazon တွင်သာ အသုံးပြုနိုင် သေးသည်။
HealthTap
HealthTap မှ ၂၀၁၀ ခုနှစ်တွင် ၎င်းတို့၏ chatbot ကို ကျန်းမာရေး စောင့်ရှောက်မှုအတွက် တည် ဆောက်ခဲ့သည်။ သုံးစွဲသူများကို ဆေးပညာရှင်ပေါင်း ၆၇,၀၀၀ ကျော်နှင့်တွေ့နိုင်ရန် Bot မှ ချိတ်ဆက် ပေးနိုင်သည်။ Facebook Messenger မှတစ်ဆင့် Install လုပ်နိုင်သည်။ Bot မှာ မေးခွန်းများကို ခွဲခြမ်းစိတ်ဖြာ နိုင်ခြင်း ၊မေးခွန်းဟောင်းနှင့် တူညီသည်များကို ပြန်လည် ရှာဖွေပေးနိုင်ခြင်း စသည်တို့ကို လုပ်ကိုင်နိုင်သည်။ မေးမြန်းစုံ စမ်းလာသည့် မေးခွန်းမှာ ယခင်ဖြေဆိုပြီးသား သင့်လျော်သည့် အဖြေမရှိပါက သုံးစွဲသူမှ ၎င်းတို့၏မေးခွန်းကို ဆရာဝန်ထံ ပေးပို့နိုင်သည်။ Chatbot ပြန်စာ လာပါက အသိပေးမည်ဖြစ်သည်။ မေးရမည့် အကြောင်းအရာမှာ အချိန်အတိုင်းအတာ အားဖြင့်ချက်ချင်း သိသင့်သည့် အကြောင်းအရာ ဖြစ်ပါက ဆရာဈန်နှင့်ချက်ချင်း မေးမြန်းနိုင်ရန် ၎င်းမှစီစဉ်ပေးမည် ဖြစ်သည်။ လက်ရှိတွင် HealthTap ၏စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၃၈ သန်းနီးပါး ရှိသည်။
Ref: disruptionhub.com
internetjournal.media
Share
Banner

ကိုမိုး

Post A Comment:

0 comments: