About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Mac OS အတွက် အကောင်းဆုံး Screenshot Tool (၅) မျိုး

macOS သုံးစွဲတဲ့သူတွေအနေနဲ့ screenshot တွေကို ဖမ်းယူချင်တဲ့အခါမှာ third-party ဆော့ဖ်ဝဲတွေကို အသုံးပြုနိုင်ပါတယ်။ Screenshot tool များစွာရှိတဲ့အနက်မှ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ သုံးစွဲရလွယ်ကူတဲ့ ဆော့ဖ်ဝဲများနဲ့ Feature တွေကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။
Skitch
Skitch ဆိုတာကတော့ macOS ရဲ့ screenshot tool တွေထဲမှာ အကောင်းဆုံးတစ်ခုလို့ ပြောလို့ရပါတယ်။ Evernote ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ Skitch ဟာ screenshot ပြုလုပ်လိုတဲ့နေရာတစ်ဝိုက်ကို select လုပ်ပြီး သုံးနိုင်သလို၊ webcam ကနေတစ်ဆင့် selfie များ ရိုက်ကူးခြင်းအတွက် camera mode ကိုပါ ထည့်သွင်းပေးထားပါတယ်။ Screenshot ဖမ်းထားတဲ့ပုံတွေကို AriDrop, Note, FTP အစရှိတာတွေပေါ် အလွယ်တကူနဲ့ upload ပြုလုပ်နိုင်ပြီး လူမှုကွန်ရက်က သူငယ်ချင်းတွေကိုလည်း ဝေမျှနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Evernote ထုတ်ကုန်တစ်ခုဖြစ်တာကြောင့် Evernote account ကိုအသုံးပြုပြီးလည်း save လုပ်ထားနိုင်ပါတယ်။ Skitch ကို ရယူချင်တယ်ဆိုရင် ဒီနေရာကနေ ရယူနိုင်ပါတယ်။
Monosnap
Monosnap မှာ screenshot ပြုလုပ်ထားတဲ့ ပုံတွေပေါ်မှာ မြားတွေရေးဆွဲပြီး အရာဝတ္ထုတွေကို မြင်သာအောင် ဖော်ပြပေးနိုင်တဲ့ tool ထည့်သွင်းပေးထားပါတယ်။ Screenshot tool အဖြစ်သာမက screen recording အဖြစ်ပါ အသုံးပြုနိုင်ပြီး Skitch လိုမျိုး camera mode ကနေ selfie ရိုက်ကူးနိုင်စေရန်လည်း ပြုလုပ်ပေးထားပါတယ်။ ဒီ app ကနေ ပုံတွေကို သိမ်းတဲ့အခါမှာ PNG, JPEG စတဲ့ file format တွေနဲ့ သိမ်းဆည်းနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲကို Dropbox, Evernote, Box, Yendesk.Disk အစရှိတဲ့ cloud တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုချင်တယ်ဆိုရင် ကန်ဒေါ်လာ ၄.၉၉ နဲ့ upgrade ပြုလုပ်ရမှာဖြစ်ပါတယ်။ Monosnap ကို အခမဲ့ရယူမယ်ဆိုရင် ဒီနေရာကနေ ရယူနိုင်ပါတယ်။
Clarify
Clarify ကတော့ ဆော့ဖ်ဝဲကိုဖွင့်ထားပြီး ကိုယ်လိုချင်တဲ့ အပိုင်းကို Select လုပ်ရုံနဲ့ ဆော့ဖ်ဝဲပေါ်မှာ screenshot ကို ထည့်သွင်းပေးထားနိုင်ပါတယ်။ ပုံတွေကို select မှတ်ပြီး နာမည်တွေကို သတ်မှတ်ပေးကာ တစ်စုတစ်စည်းတည်း သိမ်းဆည်းနိုင်အောင် ဖန်တီးပေးထားပါတယ်။ သိမ်းဆည်းမယ့်ပုံတွေကို Clarify account တစ်ခုတည်ဆောက်ပြီး လုံခြုံစိတ်ချစွာနဲ့ သိမ်းဆည်းနိုင်သလို PDF, Word, HTML အစရှိတာတွေနဲ့ export ပြုလုပ်နိုင်ပါတယ်။ Clarify ကို ဒီနေရာကနေ  ရယူနိုင်ပါတယ်။
Captur
Screenshot area ကို Full screen ဒါမှမဟုတ် window နှစ်သက်သလို screenshot ပြုလုပ်နိုင်မယ့် screenshot tool ဖြစ်ပါတယ်။ Edit ပြုလုပ်နိုင်မယ့် tool များကိုလည်း ထည့်သွင်းထားပြီး ရိုးရှင်းတဲ့ ဆော့ဖ်ဝဲ ဒီဇိုင်းပုံစံကြောင့် သုံးစွဲရတာလည်း ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ Captur ဟာ Menu bar ပေါ်ကနေ screenshot ကို ပြုလုပ်နိုင်မှာဖြစ်ပြီး screenshot ပြုလုပ်ပြီးတဲ့ ပုံတွေကိုလည်း edit ပြုလုပ်ပြီးမှ သိမ်းဆည်းနိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။ Captur ကို အသုံးပြုချင်တယ်ဆိုရင် ဒီနေရာကနေရယူနိုင်ပါတယ်။
Snagit
Screenshot အတွက်သာမက screen recorder အတွက်ပါ လူသိများတဲ့ Snagit ဆော့ဖ်ဝဲဟာ screenshot ပြုလုပ်လိုတဲ့နေရာကို select ပြုလုပ်ပြီး screen capture ပြုလုပ်မှာလား screen record ပြုလုပ်မှာလားဆိုတာကို ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။ Screen recording ပြုလုပ်တဲ့အခါမှာလည်း ကိုယ်လိုချင်တဲ့ နေရာကိုကွယ်ပြီး select မှတ်ကာ record ပြုလုပ်နိုင်သလို အသံပါဖမ်းနိုင်ဖို့အတွက် အထောက်အပံ့ပေးထားပါတယ်။ Snagit ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။

Ref: howtogeek
Share
Banner

ကိုမိုး

Post A Comment:

0 comments: