About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Galaxy S8 ပေါက်ကွဲမှာမဟုတ်ကြောင်း Fan တွေကို ယုံကြည်စေချင်တဲ့ Samsung

Samsung အနေနဲ့ Galaxy Note 7 တုန်းကဖြစ်ပျက်သွားခဲ့တဲ့ ပေါက်ကွဲမှု အဖြစ်ဆိုးကြီးကို တစ်ကမ္ဘာလုံး က ပရိသတ်တွေ မေ့ပျောက်အောင် မလုပ်ဆောင်နိုင်ပေမယ့် အသစ်ထပ်မံထုတ်လုပ်မယ့် Galaxy S8 မှာတော့ အလားတူ ဖြစ်ရပ်မျိုး (ဒါမှမဟုတ်) အခြား စိတ်ပျက်စရာ ကိစ္စရပ်မျိုးတွေ ဖြစ်နိုင်စရာမရှိကြောင်း ပရိသတ်တွေ ကိုယုံကြည် စေချင်ကြောင်း ပြောကြားထားပါတယ်။

Samsung ဟာ ၄င်းရဲ့ စမတ်ဖုန်းတွေကို Note 7 လို ဖြစ်ရပ်မျိုးထပ်မဖြစ်စေဖို့အတွက် အရည်အသွေး စမ်းသပ် စစ်ဆေးမှုတွေပြုလုပ်ကြောင်းကို Galaxy S7 edge ရဲ့ အရည်အသွေးပိုင်းကို စမ်းသပ်စစ်ဆေးပြသထားတဲ့ တစ်မိနစ်စာ video လေး နဲ့ အတူ ရှင်းလင်းပြောကြားလိုက်တာဖြစ်ပါတယ်။




ဒီ video ထဲမှာတော့ ဖုန်းရဲ့ မာကျောမှုနဲ့ အပြင်ပိုင်းဆိုင်ရာ အကြမ်းခံနိုင်မှုအတွက် အမြင့်က လွှတ်ချပြ တာ နဲ့ ကွေးပြတာမျိုး တွေကို လုပ်ပြထားပြီး ရေစိုတာ နဲ့ လွန်ကဲတဲ့ အပူချိန် တွေကို ခံနိုင်ရည်ရှိကြောင်း ကိုပြသ ထားကာ အရည်အသွေးပိုင်းကို အဓိက ထား ထုတ်လုပ်ကြောင်းကို Slogan လေး တစ်ခုနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။
Samsung ဆိုတဲ့ အသံကြားတာနဲ့ ပေါက်ကွဲမှာပဲဆိုပြီး brand အပေါ် ယုံကြည်မှုကင်းမဲ့သွားတဲ့ သူတွေကို brand အပေါ် ယုံကြည်မှုပြန်လည်ရရှိလာစေဖို့ Samsung အနေနဲ့ အစွမ်းကုန်ဆောင်ရွက်နေကြောင်းကို fan တွေကို သိရှိစေချင်နေတာလည်း ဖြစ်ပါတယ်။
Samsung ဟာ လာမယ့် MWC မှာ Galaxy Tab S3 ကိုမိတ်ဆက်မှာဖြစ်ပြီး ၊ Galaxy S8 ကိုမိတ်ဆက်မယ့် နေ့ရက်ကိုလည်း ကြေညာမယ်လို့ အတည်ပြုပြောကြားထားပါတယ်။
Galaxy S8 ကို မတ်လ အကုန်လောက်မှ မိတ်ဆက်နိုင်ချေရှိတဲ့အတွက် Samsung အနေနဲ့ ဒီကြားကာလ အတွင်းမှာ ပရိသတ်တွေရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိဖို့ ဘာတွေထပ်လုပ်ဦးမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
Samsung ရဲ့ အချို့သော အမာခံ ပရိသတ် တွေကတော့ Galaxy S8 အပေါ် သံသယမရှိကြပေမယ့် အချို့ ပရိသတ်တွေကတော့ ယုံကြည်မှုကင်းမဲ့နေဆဲပါပဲ။ Galaxy S8 ကို ဝယ်ချင်ကြရင်တောင်မှ သူများတွေဝယ်ပြီး လို့ ဘာမှမဖြစ်တော့တာ သေချာတဲ့အချိကျမှ စိတ်အေးလက်အေး ဝယ်ယူကြနိုင်ချေရှိနေပါတယ်။
digitaltimes.com.mm
Share
Banner

ကိုမိုး

Post A Comment:

0 comments: