About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Mi Mix ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ကို ထုတ်လုပ်နေပြီဖြစ်ကြောင်း Xiaomi အတည်ပြု

ဘောင်မပါတဲ့ ကိုယ်ထည်ပြည့်မျက်နှာပြင်နဲ့ ခန့်ညား လှပတဲ့ ဒီဇိုင်းပုံစံ တို့ကြောင့် လူကြိုက်များ ရေပန်းစားခဲ့ တဲ့ Mi Mix ဖုန်းကို မိတ်ဆက်ပေးခဲ့တာ (၄) လ တောင်မပြည့်သေးပေမယ့် Mi Mix ကို ဆက်ခံမယ့် စမတ်ဖုန်းအသစ် ( Mi Mix 2 ဖြစ်နိုင် ) ကို စတင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ Xiaomi Company က အတည်ပြုပြောကြားလိုက်ပါတယ်။
Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ဟာ သူ့ရဲ့ Weibo စာမျက်နှာမှာ ဒီအတည်ပြုချက်ကို ရေသားခဲ့တာဖြစ်ပြီး Mi Mix ရဲ့ မျိုးဆက်သစ် လို့သာ ရေးသားထားပေမယ့် လေ့လာသူတွေကတော့ ဖုန်းရဲ့ နာမည်ဟာ Mi Mix 2 ဖြစ်နိုင် တယ်လို့ ခန့်မှန်းကြတာဖြစ်ပါတယ်။
Post မှာရေးသားချက်အရ ဒီစမတ်ဖုန်းကိုလည်း Mi Mix ဒီဇိုင်းကို ရေးဆွဲခဲ့တဲ့ ပြင်သစ် ဒီဇိုင်နာ Philippe Starck ကပဲ ပုံဖော်ဖန်တီးမှာ ဖြစ်တယ်လို့သိရပါတယ်။
Mi Mix 2 နဲ့ ပတ်သတ်လို့ ဘာသတင်းအချက်အလက်မှ မထွက်ရှိသေးပေမယ့် ဖုန်း အရှေ့မျက်နှာပြင်ရဲ့ (၉၃) ရာခိုင်နှုန်းကို ဖန်သားပြင် နဲ့ ဖွဲ့စည်းထားနိုင်ကြောင်း ခန့်မှန်းမှုတွေရှိနေတယ်လို့သိရပါတယ်။

Ref: GSMArena

digitaltimes.com.mm
Share
Banner

ကိုမိုး

Post A Comment:

0 comments: