
Huawei က Pantone Color Institute နဲ့ ပူးပေါင်းလိုက်ပြီး အနာဂတ်ထုတ် Device များမှာ ခေတ်ပေါ် အရောင်များဖြင့် ခြယ်သပေးထားမှာ ဖြစ်ပါတယ်။ Huawei ဟာ အရောင်အသွေး စုံလင်တဲ့ ထုတ်ကုန်များကို ရောင်းချပေးနေပြီး သူ့ရဲ့ ထုတ်ကုန်များစွာဟာ စတိုင်ကျလှပပါတယ်။ အခုတော့ Huawei က စတိုင်ကျလှပမှု အပြင် အရောင်အသစ်များဖြင့် စားသုံးသူများကို စွဲဆောင်တော့မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြိုင်ဖက်များထက် သာလွန်အောင် ကြိုးစားခြင်း ဖြစ်ပါတယ်။
Huawei ရဲ့ အဆိုအရ Pantone Color Institute နဲ့ ပူးပေါင်းခြင်းဖြင့် အလွန်လှပပြီး ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်များကို ဖန်တီးနိုင်မယ်လို့ သိရပါတယ်။ အချို့စားသုံးသူများက စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို လေ့လာပြီး ၀ယ်ယူကြသလို အချို့ကတော့ စတိုင်ကျ လှပမှုကို အလေးထားကြပါတယ်။ Huawei က အဲဒီ စားသုံးသူ ၂ မျိုးစလုံးကို ပစ်မှတ်ထားချင်ပုံပေါ်ပါတယ်။
လက်ရှိမှာတော့ Huawei နဲ့ Pantone Color Institute တို့ ပူးပေါင်း၍ ထုတ်လုပ်မယ့် အရောင်များကို မသိရသေးပေမယ့် Pantone Color Institute ဟာ အရောင်အပိုင်းမှာ အထူးကျွမ်းကျင်ပါတယ်။ အရောင်အသွေးဟာ လူသားတွေရဲ့ စိတ်ခံစားမှုကို လွှမ်းမိုးတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ ရာသီပေါ် အရောင် Trends များကို ခန့်မှန်းခြင်း၊ ပွဲလည်တင့်မယ့် အရောင်များကို ဖန်တီးခြင်းနဲ့ ဖောက်သည်စိတ်ကြိုက် အရောင်များကို ပြုလုပ်ပေးခြင်း စတဲ့ အပိုင်းများမှာ Pantone Color Institute ဟာ ဆရာတစ်ဆူ ဖြစ်တယ်လို့ သိရပါတယ်။
digitaltimes
Post A Comment:
0 comments: