About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

အင်္ဂါဂြိုလ်မှာ လူသားတွေ အခြေချနေထိုင်ဖို့ စီမံကိန်း ရေးဆွဲလိုက်တဲ့ UAE

UAE က အင်္ဂါဂြိုလ်ပေါ် ရောက်ရှိဖို့ ကြိုးစားနေတဲ့ နိုင်ငံများထဲမှာ ပါဝင်လာပါပြီ။ ယူအေအီးက အင်္ဂါဂြိုလ်ကို အစောဆုံး နယ်ချဲ့ချင်တဲ့ နိုင်ငံဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ အဲဒီ စီမံကိန်းဟာ ယူအေအီးရဲ့ Mars 2117 Project ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ယူအေအီးက အင်္ဂါဂြိုလ်မှာ စက်ရုပ်ကားများဖြင့် ဒြပ်ထုများကို ကောက်ယူလေ့လာရုံလောက်နဲ့ စိတ်ကျေနပ်ပုံ မရပါဘူး။ သူတို့က အင်္ဂါဂြိုလ်မှာ လူသားများ အခြေချနေထိုင်ဖို့ ရည်မှန်းထားပါတယ်။
ယူအေအီးက နောင်အနှစ် ၁၀၀ မှာ အင်္ဂါဂြိုလ်မှာ လူသားတွေ အခြေချနေထိုင်ဖို့ ရည်မှန်းထားပါတယ်။ ယူအေအီးရဲ့ အိမ်ရှေ့မင်းသား Sheikh Mohammed bin Zayed က သူတို့ဟာ ဒုံးပျံများ၊ အာကာသယာဉ်မှူး ၀တ်စုံများနဲ့ နည်းပညာမြင့် ကိရိယာများကို အရင်ဆုံး တီထွင်မှာ မဟုတ်ဘဲ ကလေးငယ်များအား အရည်အချင်းမြင့်မားတဲ့ အာကာသယာဉ်မှူးများဖြစ်အောင် အရင်ဆုံး သင်ကြားပေးမှာလို့ ပြောပါတယ်။
သူက “ Mars 2177 စီမံကိန်းဟာ ရေရှည် စီမံကိန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမ ရည်ရွယ်ချက်က ပညာရေးစနစ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့ဖြစ်ပါတယ်။ အဲဒါမှသာ ကျွန်တော်တို့ရဲ့ သား၊ သမီးများဟာ ကဏ္ဍပေါင်းစုံမှာ သိပ္ပံ သုတေသန နယ်ပယ်မှာ ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ သူက လာမယ့် မျိုးဆက်များအတွက် အာကာသယာဉ် ပြုပြင်ထိန်းသိမ်းခြင်းနဲ့ ဂြိုလ်များမှာ ကောက်ပဲသီးနှံများ စိုက်ပျိုးခြင်း ပညာရပ်များအတွက် ဒီဂရီဘွဲ့များ ပေးသွားမှာ ဖြစ်တယ်လို့ ဖြည့်စွက် ပြောပါတယ်။
digitaltimes
Share
Banner

ကိုမိုး

Post A Comment:

0 comments: