About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

IPhone 8 ရဲ့ OLED မျက်နှာပြင်တွေ ထုတ်လုပ်ပေးဖို့ ဒေါ်လာ ၄.၃ ဘီလီယံ တန်ကြေးစာချုပ် ကို ဆမ်ဆောင်း လက်မှတ်ရေးထိုး

ဆမ်ဆောင်းကုမ္ပဏီဟာ ကနဦး အစောပိုင်းကတည်း က သတင်းထွက်ပေါ်နေသလို Apple ကုမ္ပဏီ ရဲ့ နောက်ဆုံးပေါ် iPhone 8 (ဒါမှမဟုတ်) iPhone X …ဆိုတဲ့ ထုတ်ကုန်အသစ် ကို မျက်နှာပြင် ပိုင်းဆိုင်ရာ တာဝန်ယူပေးဖို့ ဒေါ်လာ ၄.၃ ဘီလီယံတန်ကြး ရှိတဲ့ စာချုပ်တစ်ခု ကို လက်မှတ်ရေးထိုးလိုက်တယ် လို့ ရိုက်တာ သတင်းတစ်ရပ် အရ သိရပါတယ်။
အသစ်ထွက်ရှိမယ့် အိုင်ဖုန်း အသစ် ဟာ 5.5 လက်မ ရှိပြီး OLED မျက်နှာပြင် နဲ့ ထွက်ရှိလာမယ် လို့ ဆိုပါတယ်။ ဆမ်ဆောင်း ရဲ့ OLED မျက်နှာပြင် ဟာ မိုဘိုင်းဖုန်း သုံးစွဲကြသူတွေ အကြားမှာ အတော်လေးကို ပေါ်ပြူလာဖြစ်ပြီး ရေပန်းစားလှတဲ့အပြင် မြင့်မားတဲ့ နည်းပညာပိုင်းတွေနဲ ကြွယ်ဝတယ် လို့လည်း သိရပါတယ်။ iPhone 8 ဟာ လာမယ့် စက်တင်ဘာလအတွင်းမှာ ထွက်ရှိမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
Apple ဟာ လွန်ခဲ့တဲ့ အိုင်ဖုန်းမျက်နှာပြင်တွေကို ဂျပန်ကုမ္ပဏီ နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒေါ်လာ ၆၃၆ သန်း တန်ကြေးရှိတဲ့ စာချုပ်နဲ့ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ Apple ဟာ OLED မျက်နှာပြင်တွေကို လွန်ခဲ့တဲ့ လတွေ က ထုတ်လုပ်ခဲ့တဲ့ Apple Watch တွေအပြင် 2016 MacBook Pro ရဲ့ Touch bar တွေမှာပါ ထည့်သွင်းထုတ်လုပ်ခဲ့ဖူးပါတယ်။ ဝေဖန်သူတချို့ကတော့ အခုလို ဆမ်ဆောင်းနဲ့ Apple ရဲ့ သဘောတူညီချက်ကြောင့် iphone 8 (ဒါမှမဟုတ် ထုတ်ကုန်အသသစ်) မျိုးဆက်ဟာ ကြမ်းခင်းဈေး ဒေါ်လာ ၁၀၀၀ နဲ့ အထက် မှာ စတင် ရောင်းချသွားနိုင်မယ့် သတင်း မှန်ကန်နိုင်ကြောင်း ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။
Ref : Geeky, Appleinsider
digitaltimes.com.mm
Share
Banner

ကိုမိုး

Post A Comment:

0 comments: