ရုပ်ရှင်နဲ့ သီချင်း ချစ်သူများအတွက် ဒေါင်းလုပ်မန်နေဂျာများဟာ မရှိမဖြစ် လိုအပ်ပါတယ်။ စွမ်းဆောင်ရည်ကောင်းတဲ့ ဒေါင်းလုပ် မန်နေဂျာများက ဖိုင်များကို အစိတ်အပိုင်းများ ခွဲ၍ ဒေါင်းလုပ်လုပ်ပေးတဲ့အတွက် လျှင်မြန်ပြီး Pause , Resume လည်း လုပ်နိုင်အောင် ပံ့ပိုးပေးထားပါတယ်။ အချို့ ဒေါင်းလုပ် မန်နေဂျာများက ဗီဒီယိုများ ဒေါင်းလုပ်လုပ်ပြီးတာနဲ့ ဖိုင်ဖော်မက်ကို ပြောင်းပေးတဲ့အတွက် အဆင်ပြေပါတယ်။ အဲဒီလို အစွမ်းထက်တဲ့ ဒေါင်းလုပ်မန်နေဂျာများထဲမှ သင်နဲ့ ကိုက်ညီတာကို ရွေးချယ်နိုင်ဖို့အတွက် အခမဲ့ ဒေါင်းလုပ်မန်နေဂျာများကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Ninja Download Manager

သူ့ရဲ့ Interface က ရိုးရှင်းပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ Download Accelerator က ဖိုင်များကို အစိတ်အပိုင်းများ ခွဲ၍ ဒေါင်းလုပ်လုပ်ပေးတဲ့အတွက် ၁၀ ပိုမို မြန်ဆန်ပါတယ်။ ဖိုင်တစ်ခုစီကို ဆာဗာတစ်ခုစီကနေ ဒေါင်းလုပ်လုပ်တဲ့အတွက် မြန်ဆန်ရုံသာမက စိတ်ချရပါတယ်။ ဒေါင်းလုပ်လုပ်နေစဉ်မှာ သီချင်းနဲ့ ရုပ်ရှင်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်။ Video Downloader သီးခြားပါရှိပြီး YouTube , Vimeo များမှ ဗီဒီယိုများကို ဒေါင်းလုပ်လုပ်ပေးပြီး Video Converter က ဒေါင်းလုပ်လုပ်ပြီးတာနဲ့ ဖိုင်ဖော်မက်ကို ပြောင်းပေးပါတယ်။

၂။ Free Download Manager

သူဟာ သာမာန်ဖိုင်များကို ဒေါင်းလုပ်လုပ်နိုင်သလို Torrent ဖိုင်များအတွက်လည်း BitTorrent Client တစ်ခုပါ။ သီချင်း၊ ဗီဒီယိုများကို ဒေါင်းလုပ် မပြီးခင်မှာ ကြည့်နိုင်ပါတယ်။ စွမ်းရည်မြင့် Schedule ဖန်ရှင် ပါပါတယ်။ အခြား Device တစ်ခုကနေ သင့် ပီစီမှ ဒေါင်းလုပ်လုပ်မှု အခြေအနေကို ထိန်းချုပ်နိုင်ပါတယ်။

၃။ Download Accelerator Plus

သူ့ရဲ့ အခမဲ့ ဗားရှင်းမှာ အခပေး ဗားရှင်းလောက် စွမ်းဆောင်ချက် မများပေမယ့် ဒေါင်းလုပ်မန်နေဂျာကောင်းများရဲ့ စွမ်းရည်အားလုံး ပါရှိပါတယ်။ Video Preview , File Conversion စွမ်းဆောင်ချက်များ ပါရှိပြီး ဖိုင်များကို အစိတ်အပိုင်းများခွဲ၍ လျှင်မြန်စွာ ဒေါင်းလုပ်လုပ်ပေးပါတယ်။

၎။ JDownloader 2

သူ့ကို Windows, Linux နဲ့ Mac အတွက် ဖန်တီးပေးထားပါတယ်။ Power Users များအတွက် သင့်တော်ပြီး 300 Decryption Plugins , Automatic RAR Extraction , Password List Searching များ ပါပါတယ်။ ဒေါင်းလုပ်လုပ်တဲ့ ၀က်ဆိုက်များမှ “ I am not a robot “ စတဲ့ CAPTCHA များကို ဖြေရှင်းပေးမယ့် OCR လည်း ပါပါတယ်။

၅။ Free YouTube Downloader

သူကတော့ YouTube Videos များကို ဒေါင်းလုပ်လုပ်ဖို့အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ဗီဒီယိုများစွာကို တစ်ပြိုင်နက် ဒေါင်းလုပ်လုပ်ပေးနိုင်ပါတယ်။ ဗီဒီယိုဖိုင်များရဲ့ ဖော်မက်ကို ပြောင်းပေးတဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။ 8K Video များကိုတောင် ဒေါင်းလုပ်လုပ်ပေးနိုင်ပါတယ်။
၆။ DownThemAll

သူကတော့ Firefox ဘရောက်စာရဲ့ Add-On ဖြစ်ပါတယ်။ သူက ၀က်စာမျက်နှာတစ်ခုမှ လင့်များ၊ ဓါတ်ပုံများ အားလုံးကို ဒေါင်းလုပ်လုပ်ပေးနိုင်ပါတယ်။ Pause , Resume လည်း လုပ်နိုင်ပါတယ်။ ဆာဗာများစွာကနေ ဒေါင်းလုပ်လုပ်ပေးတဲ့အတွက် ၄ ဆ ပိုမို မြန်ပါတယ်။

၇။ iGetter

သူ့ကို Windows အပြင် Mac OS X အတွက်ပါ ထုတ်လုပ်ပေးထားပါတယ်။ Schedule လုပ်၍ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ Pause , Resume စွမ်းရည်များလည်း ပါပါတယ်။ ၀က်ဆိုက်နဲ့ FTP Sites များမှ အရာများကို ရှာဖွေတဲ့ Site Explorer လည်း ပါပါတယ်။

ref : tech radar
digitaltimes.com.mm
Post A Comment:
0 comments: