ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေရဲ့ ငွေပေးချေမှုစနစ်ကို လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး ကတ်စနစ်နဲ့ ပြောင်းလဲကျင့်သုံးသွားမယ်လို့ သိရပြီး သုံးလတစ်ကြိမ်အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေပြုလုပ်သွားမှာဖြစ်ကာ ကတ်စနစ်စတင်ရင် စပယ်ယာတွေ ထားတော့မှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဖြိုးမင်းသိန်းက အခုလိုပြောခဲ့တာဖြစ်ပါတယ်။
အဆိုပါငွေပေးချေကတ်စတင်ကျင့်သုံးရာမှာ ခရီးသည်တွေအနေနဲ့ ကိုယ်သွားချင်တဲ့ ခရီးမိုင်အတိုင်းပဲ ငွေပေးချေတဲ့ စနစ်ကို ကျင့်သုံးမှာဖြစ်ကာ ကားရှေ့အတက်ပေါက်ကနေ ကတ်ကိုတစ်ကြိမ်ဖြတ်ရမှာဖြစ်ပြီး ကားပေါ်ကဆင်းချိန်မှာ ကတ်ကို တစ်ကြိမ်ဖြတ်ပြီးဆင်းရမှာဖြစ်ကာ နောက်တစ်ကြိမ်မဖြတ်မိပါက ဂိတ်စ-ဂိတ်ဆုံးငွေအတိုင်း ကတ်ထဲကနေ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။
"ငွေပေးချေကတ်အကုန်လုံးကို တိုင်းအစိုးရဘက်က မှတ်ပုံတင်ထား မှာဖြစ်ပါတယ်။ ကတ်ထုတ်လုပ်ချင်သူ တွေအားလုံးကလည်း ထုတ်လုပ်ခွင့်ရှိ မယ်။ ကတ်ကိုလက်ခံပေးမယ့် ဘဏ် တွေနဲ့ ချိတ်ဆက်တာတို့နဲ့ အခုကျင့် သုံးမယ့်ကတ်စနစ်ကတော့ အဲဒီကတ် တိုင်းကလည်း ဘတ်စ်ကားစီးလို့ရတဲ့ အပြင် ရထား၊ သင်္ဘောနဲ့ ဈေးပါဝယ် လို့ရမယ့်ကတ်မျိုးကို ကြိုးပမ်းဆောင် ရွက်ရမှာဖြစ်ပါတယ်။ ဧပြီလကုန်ပိုင်း မှာဆောင်ရွက်နိုင်ဖို့ အချိန်ဇယားဆွဲ ပြီးတော့ပြင်ဆင်ဆောင်ရွက်နေတယ်ဆိုတာအသိပေးလိုပါတယ်"လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ကတ်နဲ့ငွေပေးချေတဲ့စနစ်ကို ဧပြီလမှာ ပြောင်းလဲကျင့်သုံးမယ့်အပြင် အစိုးရက အစုရှယ်ယာဝင်မည့်ကုမ္ပဏီတွေတည်ထောင်ပြီး ဘတ်စ်ကားလိုင်းတွေကို အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်ပြီး ဂျီပီအက်စနစ်တပ်ဆင်ထားတဲ့ ဘတ်စ်ကားအားလုံးကို Yangon Operator Team ဖွဲ့စည်းပြီး ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘတ်စ်ကားမှတ်တိုင် ၂၅၀ကို လည်း ဧပြီလအတွင်းပြီးစီးဖို့ အဆင့်မြှင့်တင်တာတွေ ဆောင်ရွက်သွားမှာဖြစ်ကာ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်လုပ်သားတွေအနေနဲ့ သုံးလတစ်ကြိမ်အ ဆင့်မြှင့်တင်တာတွေပြုလုပ်မယ့် YBS ယာဉ်လိုင်းတွေနဲ့ပတ်သက်ပြီး ပြည်သူအတွက်ဆိုတဲ့ အသိနဲ့လိုက်ပါစေလိုကြောင်း၊ ဒီလိုမလိုက်နိုင်ရင် ကျန်ခဲ့ရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
Source : Yangon Time
Photos : BRT
duwun.com.mm
Post A Comment:
0 comments: