ဖုန်းကိုင်ဆောင်သူတွေအတွက် အရမ်းကိုတန်ဖိုးရှိစေမယ့် နည်းလမ်းလေးတစ်ခုကိုချပြပေးလိုက်ပါတယ်။
YouTube မှာရှိတဲ့ ဗီဒီယိုဖိုင်တွေကို Mp3 Audio ဖိုင်တွေအဖြင့် Convert လုပ်ပြီး ဒေါင်းလုပ်ဆွဲနိုင်ယုံသာမကဘဲ Mp4 Format တွေအဖြင့်လည်းဒေါင်းယူနိုင်မှာဖြစ်ပါတယ်။
ဖုန်းမှာဆိုရင် Application တွေမလိုအပ်ဘဲ Online ကနေအလွယ်တကူ YouTube Link ကို Convert လုပ်တဲ့နည်းလမ်းလေးပါ။
အသုံးပြုနည်းကို ပုံလေးတွေနဲ့ အောက်ကလင်ခ့်မှာ စပြီးလေ့လာကြည့်ရအောင်..
အရင်ဦးဆုံး အောက်က Web Link ထဲကိုသွားလိုက်ပါ။
၁။ အပေါ်က Link ထဲရောက်သွားရင် အကွက်လေးထဲမှာ YouTube က Video Link ကိုထည့်ထည့်ပေးလိုက်ပြီး အောက်ကပုံအတိုင်း Continue ကိုနှိပ်ပေးလိုက်ပါ။
၂။ Mp3 လား Mp4 လားဆိုတာကို Convert လုပ်မယ့် Format ကိုနှိပ်လိုက်ပါ။
Mp3 ပြောင်းပြီးဒေါင်းမယ်ဆိုရင် MP3 ဆိုတာကိုနှိပ်လိုက်ပါ။
၃။ အောက်က ပုံအတိုင်းပေါ်ပါမယ် "Start" ကိုနှိပ်ပေးလိုက်ပါ။
၎။ အပေါ်ကအဆင့်တွေ ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာပါမယ်။ "Download" ဆိုတဲ့ခလုတ်ကိုနှိပ်ပြီး Mp3 သီချင်းအဖြင့်ဒေါင်းယူနိုင်ပါပြီ။
ဒီနည်းကတော့ Youtube ကဗီဒီယိုတွေကို Online ကနေ Mp3 အဖြင့်ပြောင်းပြီးဒေါင်းယူတဲ့ လွယ်ကူတဲ့နည်းလမ်းလေးပါဘဲ။
အဆင်ပြေပါစေ
Post A Comment:
0 comments: