မြန်မာမှုဂီမ်းများ ထုတ်လုပ်လျက်ရှိသော MyPlay ကုမ္မဏီမှ ရာမဇာတ်တော်ကို အခြေံခံထားသည့် Rage of Rama ဂီမ်းအသစ်ထွက်ရှိလာတယ် လို့ သိရပါတယ်။
.
၂၀၁၄ခုနှစ်ကနေ စပြီး Rage of rama ဂီမ်းကို develop လုပ်ခဲ့ပြီး ယခု ၂၀၁၆ ဒီဇင်ဘာလ အတွင်းမှာ ထွက်ရှိလာတာ ဖြစ်ပါတယ်။ Rage of Rama ဂီမ်းဟာ အွန်လိုင်း Multiplayer ဂီမ်းတစ်ခု ဖြစ်ပြီး Game Design ကို မြန်မာ့ရိုးရာအငွေ့ အသက်တွေ ထည့်သွင်းပြီး ရာမ ဇာတ်တော်ကို အခြေခံပြီး ဖန်တီးထားတယ် လို့ သိရပါတယ်။
.
Tower-Defence ဂီမ်း အမျိုးအစားဖြစ်ပြီး အွန်လိုင်းပေါ်မှာ တစ်ဖက်ငါးယောက်ဖြင့် ရာမဇာတ်တော်မှ ဇာတ်ကောင်များနှင့် tower ကို အနိုင်တိုက်ယူရမည့် ဂီမ်းဖြစ်ပြီး အဲဒီကနေ တဆင့် ကိုယ့်ဇာတ်ကောင်တွေကို အဆင့်မြှင့်ပြီး level အလိုက် ရန်သူတွေကို စစ်မြေပြင်မှာ တိုက်ခိုက်ရတဲ့ ဇာတ်လမ်းသွားဂီမ်းတစ်ခု ဖြစ်ပါတယ်။ ဂီမ်းဇာတ်ကောင်အနေနဲ့ Character ၄၀ ကျော် ဖန်တီးထားတဲ့ ဂီမ်းတစ်ခုဖြစ်တယ် လို့ သိရပါတယ်။
.
Rage of Rama ဂီမ်းဟာ MyPlay ကုမ္မဏီရဲ့ (၇)ခုမြောက်ထွက်ရှိခဲ့တဲ့ဂီမ်းဖြစ်ပြီး မြန်မာနိုင်ငံမှ developerတွေ ကိုယ်တိုင် ဖန်တီးထားသည့် ဂီမ်းတစ်ခုဖြစ်ပါတယ်။ အဲဒီဂီမ်းအား International အဆင့်မှီအောင် ကြိုးစားထားရကြောင်းနှင့် အဲဒီဂီမ်း ဖန်တီးရန် အချိန်ယူခဲ့ရကြောင်းကို MyPlay ကုမ္မဏီမှ Operation Manager ကိုစိုင်းပြည့်ဖြိုးဟန်က ” ဂီမ်းကို ၂၀၁၄ကစပြီး ၂နှစ်ကျော် အချိန်ယူခဲ့ရပါတယ်။player vs player ဖြစ်တဲ့အတွက် အင်တာနက် Connection
စက္ကန့်ပိုင်းလေး နောက်ကျသွားရင် Game ရဲ့ အနိုင်အရှုံးကိုပြောင်းလဲလိုက်နိုင်တဲ့အတွက် ကျွန်တော်တို့ ဒါတွေကို အချိန်တွေအများကြီးပေးပြီး လုပ်ရပါတယ်။နောက်ပြီး ရုပ်ထွက်ပိုင်းကိုလည်း သေချာပြုလုပ်နေခဲ့တဲ့အတွက် အခုလို နောက်ကျသွား တာဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
.
My Play ကုမ္မဏီဟာ 2016 Tokyo Game Show မှာ မြန်မာမူဂီမ်းတစ်ခုဖြစ်သော ဆိုက်ကားဆရာငပိန် ဂိမ်းနဲ့ ဆုရရှိထားပြီး နိုဝင်ဘာလအတွင်းကလည်း Korea Game Showတွင် Rage of Rama ဂီမ်းကိုဝင်ရောက် ပြသခဲ့တယ် လို့ သိရပါတယ်။

admin@Digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: