About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ဆယ်ကျော်သက်တွေ သုံးနေကျ လျှို့ဝှက် message code များ

ဆယ်ကျော်သက်လူငယ်တွေ အနေနဲ့ ချစ်သူနဲ့ ဖြစ်စေ သူငယ်ချင်းတွေနဲ့ ဖြစ်စေ message ပို့တဲ့အခါ လျှို့ဝှက် message code တွေကို အသုံးပြုလေ့ရှိကြပါတယ်။
အိမ်မှာရှိနေတဲ့အခါမျိုးမှာ အပြန်အလှန် message ပို့နေတဲ့အခါ အနီးအနားမှာ မိဘတွေရှိနေတဲ့အတွက် လွတ်လွတ်လပ်လပ် ပို့လို့မရတာကို တစ်ဖက်က သိစေဖို့အတွက် အချင်းချင်း စကားဝှက်အဖြစ် အတိုကောက် code တွေထားရှိထားကြပါတယ်။ မြန်မာနိုင်ငံကလူငယ်တွေ လေ့လာနိုင်ဖို့နဲ့ လူကြီးမိဘတွေ သိရှိစေဖို့အတွက် နိုင်ငံတကာက လူငယ်တွေ အသုံးပြုနေကျ လျှို့ဝှက် message code အချို့ကိုပြပေးလိုက်ပါတယ်။
gettyimages-575504487

gettyimages-575504487

GYPO

ဒါကတော့ sex chat တဲ့ အခါသုံးတဲ့ code တစ်ခုဖြစ်ပါတယ်။ Get Your Pants Off လို့ အဓိပ္ပါယ်ရပါတယ်။

GNOC

GYPO ရဲ့ နောက်တစ်ဆင့်ပါ။ Get Naked On Camera လို့ဆိုလိုတာပါ။

CU46

ဒါကတော့ See You For Sex လို့ပြောတာဖြစ်ပါတယ်။

PIR

တစ်ဖက်က အပေါ်ကလိုမျိုး sex chat တဲ့ စကားတွေပြောလာတဲ့အခါမျိုးမှာ မိမိဘက်က ပြန်ပြောဖို့ အခြေအနေမလှရင် သုံးတဲ့ code ပါ။ Parents are in the room (အခန်းထဲမှာ မိဘတွေရှိတယ်) လို့ ဆိုလိုတာဖြစ်ပါတယ်။

POS

PO ဆိုတဲ့ နှစ်လုံးကို ရုတ်တရတ်မြင်လိုက်တာနဲ့ Piece Of … လို့ထင်နိုင်ပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ Parent Over Shoulder (မိဘတွေကြည့်နေတယ်) လို့ ဆိုလိုတာဖြစ်ပါတယ်။
Image result for teen secret message code

ROTFL

ဒါကတော့ POS နဲ့ အသုံးအနှုန်းတူပါတယ်။ Right Over There, Father Lurks (အဖေအကဲခတ်နေတယ်) လို့ဆိုလိုတာပါ။

LOL

LOL ကို လူတိုင်းသိတာက Laugh Out Loud ဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်တွေအချင်းချင်းကတော့ Lizards On Lookout(အန္တရာယ်ရှိတယ်သတိထားပြီးပြော) လို့ဆိုလိုတာပါ။

WTF

WTF ကိုလည်း လူတိုင်းက What the Fuck လို့ပဲ သိထားကြပါတယ်။ ဒီနေရာမှာတကယ်ဆိုလိုတာက message ပို့ရတာ မလွတ်မလပ်ဖြစ်နေရတာကိုသိစေဖို့အတွက် Winds Tunning Frigid(လေစိမ်းတွေတိုက်နေတယ်၊ရာသီဥတုမသာယာဘူး) လို့ အချက်ပြတာဖြစ်ပါတယ်။
admin@digitaltime

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: