ဇက်ကြောတက်ခြင်းဟာ လူတွေဖြစ်လေ့ရှိတဲ့ နာကျင်မှုတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တဲ့လူမှ ဖြစ်ပြီး မဖြစ်ချင်တဲ့လူ မဖြစ်တာမျိုး မဟုတ်ပါဘူး။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ အထူးသဖြင့် နေ့စဉ်သင်နေထိုင်နေတဲ့ ပုံစံနဲ့ ဆိုင်ပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်း ၅ ခုကို ဖော်ပြထားပါတယ်။
၁ - ခန္ဓာကိုယ် ကိုင်းတယ်
အမြဲတမ်း ခန္ဓာကိုယ်ကို ကိုင်းထားတာ ဖြစ်ပါတယ်။ စာအုပ်ဖတ်တဲ့အခါ၊ ကွန်ပြူတာ သုံးတဲ့အခါ စတဲ့အချိန်တွေမှာ ခန္ဓာကိုယ်ကိုင်းထားတာကြောင့် ပခုံးကြွက်သားတွေနဲ့ လည်ပင်းကြောတွေကို ဖိအားပေးထားသလို ဖြစ်ပါတယ်။ ခန္ဓာကိုယ်အနေအထားက ရှိရမယ့် ပုံစံအတိုင်း ရှိမနေတာလည်း ပါပါတယ်။ မှန်ကန်တဲ့ ခန္ဓာကိုယ်အနေအထားရဖို့ အနောက်ဘက်ပခုံးနှစ်ဖက်ကြားမှာ ခဲတံတစ်ချောင်းထည့်ပြီး ညှပ်ထားတယ်လို့တွေးကာ ထိုင်ကြည့်ပါ။
၂ - လုပ်ငန်းခွင်
အမေရိကန်မှာဆိုရင် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၄၅ ရာခိုင်နှုန်းက လည်ပင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိတယ်လို့ သိရပါတယ်။ ပြဿနာက နေ့စဉ်နေထိုင်နေရတဲ့ လုပ်ငန်းခွင်ကြောင့်ဖြစ်ပြီး ကွန်ပြူတာနဲ့ ခုံတွေကြောင့်လို့ ဆိုပါတယ်။ ကွန်ပြူတာတွေထားရှိမှုနဲ့ ခုံတွေရဲ့ပုံစံဟာ ဖြစ်သင့်တဲ့ S ပုံသဏ္ဍန်ကို ထောက်ပံ့မပေးနိုင်တာ ဖြစ်ပါတယ်။ ဒီ့အတွက် မိနစ် ၃၀၊ ၄၀ ကြာတိုင်း ထပြီး လမ်းလျှောက်တာမျိုး၊ အကြောဆန့်တာမျိုး လုပ်ပေးသင့်ပါတယ်။
၃ - စီးကရက်
စီးကရက်ဟာ လူရဲ့ကျန်းမာရေးကို ချောင်းဆိုးခြင်းကနေ ကင်ဆာဖြစ်တဲ့အထိ ထိခိုက်နေပါတယ်။ ဒီအထဲမှာ လည်ပင်းနာကျင်တောင့်တင်းတာတွေကိုပါ ထည့်ထားလို့ရပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ သွေးကြောတွေကို မာခဲလာစေပြီး ကျောရိုးနဲ့ပခုံးဆီကို အောက်ဆီဂျင်ရရှိမှုဟာ နည်းပါးလာပါတယ်။ လည်ပင်းနဲ့ ကြောရိုးက အစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုကို ထိခိုက်လာပါတယ်။
၎ - စမတ်ဖုန်း
စမတ်ဖုန်း အလွန်အကျွံသုံးတာ ဖြစ်ပါတယ်။ စာအလွန်အမင်းရိုက်ရင် ပိုဖြစ်ပါတယ်။ သင် ဖုန်းကို ငုံ့ကြည့်လိုက်တဲ့အချိန်တိုင်း သင့်လည်ပင်းကို ဖိအားပေးသလို ဖြစ်နေတာပါ။
ဇာက်ကြောမတက်အောင် ဘယ်လိုထိုင်မလဲ
ကြွက်သားတွေနာကျင်မှုကို သက်သာစေမယ့်နည်းလမ်းများ
မတော်တဆ ထိခိုက်မှု၊ ကာယလေ့ကျင့်ခန်းနဲ့ အခြားအကြောင်းရင်းတွေကြောင့် ကြွက်သားနာကျင်မှုတွေ ဖြစ်ပေါ်လာပြီဆိုရင် အတော်လေး ခံရခက်ပါတယ်။ နာကျင်ကိုက်ခဲရာကနေ လူပါ ကိုယ်တွေပူပြီး ဖျားလာတာမျိုးလည်း ကြုံရပါသေးတယ်။ ကြွက်သားတွေ နာကျင်နေပြီရင် ဒီနည်းတွေကို သုံးကြည့်ပါ။
၁။ အပူ/ အအေး ကပ်ထားခြင်း
နာကျင်တဲ့နေရာတွေကို ရေခဲ (သို့မဟုတ်) ရေခဲဝတ်နဲ့ မိနစ် ၂၀ လောက် ကပ်ထားပေးပါ။ နာကျင်ရောင်ရမ်းမှုတွေ သက်သာသွားပါလိမ့်မယ်။ ရေနွေးဝတ်/ ရေနွေးအိတ် ကပ်ချင်ရင်တော့ ၁၀ မိနစ်လောက် ကပ်နိုင်ပါတယ်။ သတိထားရမှာက ရေခဲကပ်လိုက် ရေနွေးဝတ်ကပ်လိုက်တော့ လုပ်လို့မရပါဘူး။ တစ်မျိုးတည်းပဲလုပ်ပါ။
၂။ အကြောလျှော့
ကြွက်သားတွေက တင်းရင်းနေရင်လည်း နာကျင်မှုက တော်တော်နဲ့မပျောက်ပါဘူး။ အကြောဆန့်လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။ ဖြည်းဖြည်းချင်းလုပ်ပါ။ အရမ်းနာနေတာကို ဖိပြီးမလုပ်ပါနဲ့။ အကြောလျှော့ခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်သွားစေပါလိမ့်မယ်။
၃။ ရေပူရေအေးနဲ့ရေချိုးပါ
ရေပူကိုရော ရေအေးကိုပါ တစ်လှည့်စီချိုးပေးပါ။ ဒီလိုချိုးခြင်းက ကြွက်သားနာကျင်မှုကို ပိုမိုလျော့ပါးစေနိုင်ပါတယ်။ နာကျင်တဲ့နေရာကို ရေပူနဲ့အရင်ထိတွေ့စေပြီးမှ ရေအေးနဲ့ ထိတွေ့စေရမှာဖြစ်ပါတယ်။
Source : Fit Day
Post A Comment:
0 comments: