MPT SIM card သုံးစွဲတဲ့သူတွေအနေနဲ့ အသစ်မိတ်ဆက်လိုက်တဲ့ ကုတ်နံပါတ်အသစ် *601# ကို ဖုန်းခေါ်ဆိုပြီး မိမိတို့ရဲ့ MPT SIM card များ မှတ်ပုံတင်ထားခြင်းရှိ၊မရှိ ကို အလွယ်တကူ စစ်ဆေးကြည့်ရှု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါကုတ်နံပါတ်ကို ခေါ်ဆိုလိုက်တာနဲ့ ဖုန်းမျက်နှာပြင်ပေါ်မှာ မှတ်ပုံတင်ထားခြင်းရှိ၊မရှိ ကိုအကြောင်းပြန်တဲ့ စာတန်းပေါ်လာမှာဖြစ်ပြီး မှတ်ပုံတင်ထားခြင်းမရှိပါက MPT website ရဲ့ Self-Care စာမျက်နှာကို တိုက်ရိုက်ဝင် ရောက်ကာ မှတ်ပုံတင်နိုင်မယ့် link တစ်ခုကို MPT မှ စာတိုပေးပို့သွားမှာ ဖြစ်ပါတယ်။
အခုအစီအစဉ်ဟာ မတ်လ (၃၁) ရက်နေ့မတိုင်မီ MPT သုံးစွဲသူအားလုံး SIM card မှတ်ပုံတင် ပြီးစီးရေးအတွက် MPT-KSGM Joint Operations မှ ဆောင်ရွက်ပေးနေသော နည်းလမ်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။
*601# သို့ ဖုန်းခေါ်ဆိုမှုကို MPT သုံးစွဲသူအားလုံးအသုံးပြုနိုင်မှာဖြစ်ပြီး CDMA သုံးစွဲသူတွေကတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ MPT ရုံးတွေနဲ့ အရောင်းဆိုင်တွေမှာ မှတ်ပုံတင်ထားတဲ့ User တွေအနေနဲ့ (၁၀) ရက်ခန့်စောင့်ဆိုင်းပြီးမှ စစ်ဆေးနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
Admin>>>digitaltimes.com.mm
Ooredoo အသုံးပြုသူများအနေနဲ့ မိမိတို့ရဲ့ဆင်းကတ်မှတ်ပုံတင်ထားခြင်းရှိ/ မရှိကို *666# သို့ ခေါ်ဆိုပြီး ကိုယ်တိုင်စစ်ဆေးနိုင်ပြီး ဆင်းကတ်မှတ်ပုံတင်ထားခြင်းမရှိပါက အွန်လိုင်းကနေအလွယ်တကူ ကိုယ်တိုင်မှတ်ပုံတင်နိုင်ဖို့ လင့်ခ်တစ်ခုကို ပေးပို့မယ့် စာတိုတစ်စောင်ကို လက်ခံရရှိမှာဖြစ်ပါတယ် ။ 3G/4G မိုဘိုင်းအင်တာနက်ကို ဖွင့်ပြီး စာတိုထဲမှာပါရှိတဲ့ လင့်ခ်ကို နှိပ်က အွန်လိုင်းကနေ ဆင်းကတ်မှတ်ပုံတင်ခြင်းကို ကိုယ်တိုင်စတင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့သိရပါတယ် ။

တယ်လီနောရဲ့ မိုဘိုင်းဝန်ဆောင်မှု လုပ်ငန်းတွေကို အသုံးပြုနေကြသူများအနေနဲ့ မိမိတို့ရဲ့ ဆင်းကတ်များ မှတ်ပုံတင်ထားရှိမှု အခြေအနေ ကို စစ်ဆေးသိရှိနိုင်စေမယ့် နည်းလမ်းသစ်တစ်ခု အဖြစ် ကုတ်နံပါတ် တို တစ်ခုကို ထပ်မံ မိတ်ဆက်လိုက်ပါတယ် ။
တယ်လီနောအနေနဲ့ သုံးစွဲများရဲ့ ဆင်းကတ် မှတ်ပုံတင်ထားရှိမှု အခြေအနေကို စစ်ဆေးသိရှိ စေမယ့် နည်းလမ်းများအဖြစ် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မြို့ကြီးများမှာ ဖွင့်လှစ်ထားတဲ့ တယ်လီနော အမှတ်တံဆိပ် ကိုယ်ပိုင်အရောင်းဆိုင် (၉၀) ဆိုင်ခန့် သို့ သွားရောက်၍ သော်လည်းကောင်း၊ တယ်လီနော ကောလ်စင်တာသို့ ဖုန်းခေါ်ဆို၍ သော်လည်းကောင်း ၊ နံပါတ် (500) သို့ “REG” ဆိုပြီး SMS ပေးပို့၍ သော်လည်းကောင်း ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အ ချို့အတွင်းမှာ ကြေညာခဲ့ပါတယ် ။

အခုအခါမှာတော့ စက်တင်ဘာ(၁၆) ရက်နေ့ကစတင်ပြီး *979*3*3# ကို ဖုန်းခေါ်ဆိုရုံနဲ့ မိမိရဲ့ဆင်းကတ် မှတ်ပုံတင်ထားရှိမှု အခြေအနေကို အလွယ်တကူ စစ်ဆေးနိုင်ပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ် ။ ကြေညာထား တဲ့ နည်းလမ်းတွေထဲမှာတော့ အလွယ်ကူဆုံးနဲ့ အလျင်မြန်ဆုံး စစ်ဆေးသိရှိနိုင်မယ့် နည်းလမ်း တစ်ခုဖြစ်ပါတယ် ။
မှတ်ပုံမတင်ရသေးကြောင်းသိရှိပါက တယ်လီနော အမှတ်တံဆိပ် ကိုယ်ပိုင်အရောင်းဆိုင်များမှာ မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) အခြားသော သက်သေခံကတ်တစ်ခုခုရဲ့မိတ္တူကို ယူဆောင်ပြီး လျှောက်လွှာမှာလိုအပ်သော အချက်အလက်များဖြည့်စွက်ကာ အလွယ်တကူ မှတ်ပုံတင်နိုင်ပါတယ် ။ တယ်လီနောရဲ့ ကိုယ်ပိုင် အရောင်းဆိုင်တွေအပြင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ တယ်လီနော ဆင်းကတ်ရောင်းချသော လက်လီဆိုင်များမှာပါ ဆင်းကတ်မှတ်ပုံတင်ခြင်းကို ရက်သီတင်းပတ် အနည်းငယ်အတွင်း ဆောင်ရွက်ပေးသွားတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။

တယ်လီနော အနေနဲ့ ဆင်းကတ် မှတ်ပုံတင်းခြင်းကို အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိပြီး သုံးစွဲသူများ မိမိကိုယ်တိုင် မှတ်ပုံတင်နိုင်မယ့် နည်းလမ်းများကိုလည်း မကြာမီ အချိန်အတွင်း မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။
Photo Credit to Telenor

Ooredoo Myanmar မှ ပထမဆုံး အွန်လိုင်းမှတစ်ဆင့် ကိုယ်တိုင်ကိုယ်ကျ လွယ်ကူစွာ ဆင်းကတ်မှတ်ပုံတင်နိုင်မယ့် ၀န်ဆောင်မှုကို မိတ်ဆက် လိုက်ပါတယ် ။Ooredoo Myanmar မှ သုံးစွဲသူများအတွက် အကျိုးရှိစေမယ့် ဝန်ဆောင်မှုအသစ်တစ်ခုဖြစ်တဲ့ အွန်လိုင်းမှ တစ်ဆင့် SIM ကတ် မှတ်ပုံတင်နိုင်မယ့် ၀န်ဆောင်မှုအသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်တယ်လို့ စက်တင်ဘာလ(၂၁) ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ် ။
မိုဘိုင်းဖုန်းအသုံးပြုသူများအနေနဲ့ ဆင်းကတ်မှတ်ပုံတင်ဖို့အတွက် သက်ဆိုင်ရာအော်ပရေတာ အမှတ်တံဆိပ်အရောင်းဆိုင်သို့ သွားစရာမလိုဘဲ မြန်ဆန်လွယ်ကူအဆင်ပြေစွာ သုံးစွဲသူကိုယ်တိုင် အွန်လိုင်းမှ မှတ်ပုံတင်နိုင်စေမယ့် ဒီ ၀န်ဆောင်မှုကို Ooredoo က ပထမဆုံး မိတ်ဆက်ပေးနိုင်ခဲ့တာဖြစ်ပါတယ် ။

နောက်တစ်ဆင့်အနေနဲ့ ရှေ့/နောက်ဓာတ်ပုံရိုက်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ဓာတ်ပုံ file ကို ပူးတွဲပေးပို့ ကာ လျှောက်ထားခြင်း ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး မှတ်ပုံတင်နိုင်ပြီဖြစ်ပါတယ် ။ မှတ်ပုံတင်ပြီးပါက အောင်မြင်စွာမှတ်ပုံတင်ပြီးစီးကြောင်း စာတိုတစ်စောင်လက်ခံရရှိမှာဖြစ်ပြီး ထိုသို အွန်လိုင်းမှတစ်ဆင့် မှတ်ပုံ တင်ခြင်းအတွက် ဆုလက်ဆောင်လည်းရရှိမှာဖြစ်တယ်လို့ သိရပါတယ် ။
အွန်လိုင်းကနေ မှတ်ပုံတင်ဖို့ အတွက် (၂၄)နာရီပတ်လုံး အချိန်မရွေးပြုလုပ်နိုင်ပြီး Ooredoo အမှတ်တံဆိပ်အရောင်းဆိုင်များမှာ ကိုယ်တိုယ် မှတ်ပုံတင် ချင်သူတွေအနေနဲ့ကတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (သို့) ကျောင်းသားကတ်မိတ္တူ (သို့) ယာဉ်မောင်းလိုင်စင်မိတ္တူတို့ကို တပါတည်းယူဆောင်လာဖို့လိုအပ်တယ်လို့သိရပါတယ် ။ Ooredoo ရဲ့ စီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှု (B2B service) ကို ရယူထားတဲ့ လုပ်ငန်းများအနေနဲ့လည်း မိမိနဲ့ သက်ဆိုင်တဲ့ အကောင့်မန်နေဂျာကို ဆက်သွယ်ပြီး ဆင်းကတ်မှတ်ပုံတင်ခြင်းကို ပြုလုပ်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ် ။
Post A Comment:
0 comments: