Nisamanee lertvorapong ဟာ ထိုင်းလူမျိုးမော်ဒယ်တစ်ဦး ဖြစ်ပြီး Miss mimosa queen thailand 2013 ဆုကို ရရှိထားသူ ဖြစ်ပါတယ်။
ယဉ်ကျေးမှု ခြားနားချက်ကို သတိမထားမိခဲ့တာကြောင့် အမြင်မသင့်တော်တဲ့ ဓာတ်ပုံတွေကို ရွှေတိဂုံစေတီရင်ပြင်ပေါ်မှာ ရိုက်ကူးခဲ့မိကြောင်း ထိုင်းမော်ဒယ် Nisamanee Lertvorapong က ပြန်လည်တောင်းပန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်က ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်မှာ အလှဓာတ်ပုံအချို့ကို ရိုက်ကူးခဲ့တုန်းက မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကို သတိမထားမိခဲ့ဘဲ နိုင်ငံရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာမဟုတ်ကြောင်း Nisamanee Lertvor-apong က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖေဖော်ဝါ ရီ ၁၀ ရက်က ရေးသားထားပါတယ်။
တိုင်းပြည်လူမျိုးတို့ရဲ့ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုအပေါ် လေ့လာသင်ယူရမှာဖြစ်ပြီး အ၀တ်အစားဝတ်ဆင်တဲ့ အခါမှာလည်း သတိထားဖို့ လိုအပ်ကြောင်းနဲ့ ပုဂ္ဂိုလ်ရေးအရ မည်သူတစ်ဦး တစ်ယောက်ကိုမျှရည်ရွယ်ခဲ့တာ မဟုတ်ကြောင်း ဆက်လက်ရေးသားထားပါတယ်။ ရွှေတိဂုံစေတီ ရင်ပြင်တော်ပေါ်မှာ အဆိုပါနေ့က အလှဓာတ်ပုံ ရိုက်ကူးဖို့ Nisamanee Lertvorapong အပါအ၀င် ထိုင်းမော်ဒယ်သုံးဦး လာရောက်ခဲ့ပြီး ဘုရားဖူးလာ ဧည့်သည်တွေအကြား အမြင်မသင့်လျော်တဲ့ ဓာတ်ပုံအချို့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
Nisamanee lertvorapong ဟာ ထိုင်းလူမျိုးမော်ဒယ်တစ်ဦး ဖြစ်ပြီး Miss mimosa queen thailand 2013 ဆုကို ရရှိထားကာ Srinakharinwirot University တက္ကသိုလ်မှာ ဖက်ရှင်ဒီဇိုင်းပညာ သင်ကြားနေသူဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က တာဝန်ကျလုံခြုံရေးဝန်ထမ်းတွေကို အရေးယူခဲ့ပါတယ်။
Source: 7Day Daily
Photos: Kumudra
Photos: Kumudra
duwun.com.mm
Post A Comment:
0 comments: