About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

အမေရိကန် ဈေးကွက်မှာ စတင်ရောင်းချနေပြီ ဖြစ်တဲ့ Samsung Chromebook Plus

ပြီးခဲ့တဲ့ လ က ကျင်းပခဲ့တဲ့ CES 2017 ခုနှစ်မှာ ဖော်ပြခဲ့တဲ့ Samsung Chromebook Plus ကို အမေရိကန်ဈေးကွက် မှာ ဒေါ်လာ ၄၄၉ နဲ့ စတင်ရောင်းချနေပြီ ဖြစ်တယ် လို့ သိရပါတယ်။
ဆမ်ဆောင်းရဲ့ လက်တော့ပ် ဟာ Chrome OS ကို ထည့်သွင်းထားပြီး ဆမ်ဆောင်း ၀က်ဆိုဒ်၊ Amazon, Best Buy တွေမှာ လည်း ၀ယ်ယူလို့ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ Chromebook Plus ဟာ လက်တော့ပ်၊ တက်ဘလက် ၂ မျိုး သုံးနိုင်တဲ့ 2 in 1 အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ ၁၂.၃ လက်မ မျက်နှာပြင် အရွယ်အစား ရှိပြီး LCD Display ဟာ စိုရွှန်းတောက်ပ တဲ့ အရည်အသွေး ရှိ Pixel 2400 x 1600 ရှိပါတယ်။ 2 GHz Hexa-core RAM ပရိုဆက်ဆာ ၊ 4GB RAM , 32 GB Flash Storage ပါရှိပြီး 5140 mAh ဘက်ထရီ သုံးစွဲထားပါတယ်။
တခြား လုပ်ဆောင်ချက်တွေ၊ Fuction တွေ အနေနဲ့  USB Type-C ports နှစ်ခု ပါရှီပါတယ်။ dual-band Wi-Fi ac/b/g/n, Bluetooth 4.0, and a headphone jack တွေပါရှိပြီး တက်ဘလက်ပိုင်း လုပ်ဆောင်ချက်အနေနဲ့ doodling, drawing, sketching, and jotting down notes စတာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။

Ref : SAMmobile
digitaltimes.com.mm
Share
Banner

ကိုမိုး

Post A Comment:

0 comments: