About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

သင်္ကြန်သီချင်းအသစ်တွေ ပါဝင်တဲ့ ကွီးတို့ သင်္ကြန်စီးရီးခွေ

ဖေဖော်ဝါရီ(၇)ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ သီချင်းခွေ ဖြစ်ပါတယ်။
play

သင်္ကြန်သီချင်းအသစ်တွေပါဝင်တဲ့ ကွီးတို့သင်္ကြန်စီးရီးခွေကို ဖေဖော်ဝါရီ(၇)ရက်နေ့က စတင်ဖြန့်ချိလိုက်ပါတယ်။ အဲ့ဒီသင်္ကြန်သီချင်းတွေကိုတော့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးရဲ့ ကိုယ်ပိုင်ရေးစပ်ထားတာလည်း ဖြစ်ပါတယ်။ ကိုမြအေးရေးသားထားတဲ့ သင်္ကြန်သီချင်းတွေကို ဇ်ာပိုင်၊ Rဇာနည်၊ ဖိုးကာ၊ အောင်ထက်၊ ဆူးနစ်၊ မေစပယ်ညို၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်၊ ဆိုင်စံနဲ့ ဇင်ဝါမိုးတို့က တစ်ပုဒ်စီပါဝင် သီဆိုထားပါတယ်။
ကွီးတို့သင်္ကြန်စီးရီးခွေကတော့ စီဒီနဲ့ အမ်တီဗီပေါင်းပြီး ဖြန့်ချိတာဖြစ်ကာ သီချင်းများကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ လူငယ်ဒါရိုက်တာများက ပါဝင်ရိုက်ကူးထားပါတယ်။
play

ဒီသင်္ကြန်အခွေကို ရှစ်လခန့် အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့လည်း သိရပါတယ်။
‘ကွီးတို့သင်္ကြန်ဆိုတဲ့ Title Song ဟာ ဒီဘက်ခေတ်က လူ ငယ်တွေ ဖေ့စ်ဘွတ်ခ်မှာ အသုံး အနှုန်းဖြစ်တဲ့ ကွီးဆိုတဲ့ စကားလုံး ကို ယူသုံးတာဖြစ်ပါတယ်။ ဒီဟာ နဲ့ပတ်သက်ပြီး ဆင်ဆာတင်တဲ့အ ခါမှာ ကျ၊ မကျဆိုတဲ့အခြေအနေ တစ်ရပ်ကို ဖြတ်သန်းခဲ့ရပါတယ်’’ လို့ ကိုမြအေး က 7day Daily မှာ ဖြေဆိုထားပါတယ်။
သီချင်းတွေရေးတဲ့အခါမှာ သီချင်းတစ်ပုဒ်စီတိုင်းကို သေချာလေးရေးခဲ့ပြီးတော့ ဝါသနာအပေါ်မှာ အခြေခံပြီး ပြုလုပ်ထားတဲ့ သီချင်းတွေ ဖြစ်ကာ ပရော်ဖက်ရှင်နယ်တစ်ယောက်မဟုတ်တာကြောင့် အားနည်းချက်လေးတွေ ရှိကောင်းရှိလိမ့်ပ့ါမယ်လို့ သူက ယင်းအင်တာဗျူးမှာ ပြောပြထားပါတယ်။
Source & Photo : 7day Daily
Share
Banner

ကိုမိုး

Post A Comment:

0 comments: