
Reuters ရဲ့ သတင်းအရ General Motors နဲ့ Lyft တို့ ပူးပေါင်း၍ အလိုအလျှောက်မောင်းနှင်နိုင်တဲ့ နည်းပညာများ တပ်ဆင်ထားတဲ့ Chevrolet Bolts အီလက်ထရစ်ကားများကို ထောင်နဲ့ချီ၍ လာမယ့်နှစ်မှာစမ်းသပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
GM က သူ့ရဲ့ စက်ရုပ်ကားများကို စားသုံးသူများထံသို့ ရောင်းချမှာ မဟုတ်ဘဲ ကုမ္ပဏီများနဲ့ Ride Sharing တက္ကစီ ကုမ္ပဏီများသို့သာ ရောင်းချမယ်လို့ ပြောခဲ့ဖူးပါတယ်။ အမေရိကန် ကားထုတ်လုပ်သူ GM ဟာ အလိုအလျှောက်မောင်းနှင်တဲ့ ကားများ တည်ဆောက်ဖို့ ယခင်နှစ်က Lyft နဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ GM က Lyft မှာ ရှယ်ယာများ ရင်းနှီးမြှပ်နှံထားတဲ့ အပြင် Lyft နဲ့ Uber တို့ရဲ့ ပြိုင်ဖက် Sidecar ကိုလည်း ၀ယ်ယူထားပါသေးတယ်။
GM ရဲ့ Bolts စက်ရုပ်ကားများကို Lyft က ဆန်ဖရန်စစ္စကိုမှာ အရင် စမ်းသပ်မောင်းနှင်မှာ ဖြစ်ပါတယ်။ ဒီသတင်းသာ မှန်ခဲ့မယ်ဆိုရင် ၂၀၂၀ ခုနှစ်မတိုင်ခင်မှာ စက်ရုပ်ကားများကို အကြီးမားဆုံး စမ်းသပ်မောင်းနှင်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။ အခြား ကားကုမ္ပဏီများကလည်း မောင်းသူမဲ့ကားများကို တိုးချဲ့ထုတ်လုပ်စမ်းသပ်ဖို့ စီစဉ်နေကြပေမယ့် GM နဲ့ Lyft တို့လောက် ပမာဏ များပြားမှု မရှိဘူးလို့ သိရပါတယ်။
စက်ရုပ်ကားများကို ကားထုတ်လုပ်သူများသာမက Google နဲ့ Uber တို့လို အခြား ကုမ္ပဏီများကလည်း အပြိုင်အဆိုင် တီထွင်နေကြပါတယ်။ GM က ယခင်နှစ်တွင် ကယ်လီဖိုးနီးယားမှာ စက်ရုပ်ကားများကို မိုင်ပေါင်း ၁၀ ၀၀၀ စမ်းသပ်မောင်းနှင်ခဲ့ပြီးပါပြီ။
digitaltimes
Post A Comment:
0 comments: