မေး၊ IT Service တစ်ခုမှာ အလုပ်လက်ခံတဲ့အခါ ဘယ်နှစ်ရက်နေရင် ရမယ်ဆိုပြီး လက်ခံပါတယ်..။ Customer က ပြန်ရွေးပြီးသွားပြီဆိုရင် အရောင်တစ်ခုပေါ်ပြီး Due Date က ရောက်နေပြီ၊ Service က မပြီးသေးဘူးဆိုရင် အရောင်တစ်ခု ပေါ်လာစေချင်ပါတယ်..။ ဘယ်လိုလုပ်ရပါမလဲ ခင်ဗျာ ?
ဖြေ။ ဒီပြသနာကို Conditional Formatting သုံးပြီး ဖြေရှင်းကြရအောင်..။ သင်ခန်းစာကို မလေ့လာခင် သူ့ရဲ့ Data တွေ ဘယ်လိုရှိနေတယ်ဆိုတာ သိဖို့ ပုံ - ၁ ကို ပထမဆုံး အရင်ကြည့်ရအောင်..။
ဒီနေရာမှာ ကျနော်တို့ အဓိကထား တွက်ချက်မှာတွေက ပစည်း စအပ်တဲ့ရက်၊ ပြန်ချိန်းတဲ့ ရက်နဲ့ အလုပ် ပြီးမပြီး ပြထားတဲ့ Progress Column ရယ် ဖြစ်ပါတယ်..။
*****************************************************
❖ Conditional Formatting မှာ အလွယ်တကူ သုံးနိုင်တဲ့ Function တွေ အများကြီး ပါပြီးသား ဖြစ်ပါတယ်..။ သို့သော် အခုလို အခြေအနေမျိုးအတွက်တော့ ကိုယ်ပိုင် Custom Formula တွေ ရေးသားမှ အဆင်ပြေမှာ ဖြစ်ပါတယ်..။
ဒီအတွက် ပထမဆုံး A2:G10 ကို Select မှတ်လိုက်မယ်..။
(ဆိုလိုတာက ကျနော်တို့ရဲ့ Data Range ကို Select မှတ်တာပေါ့..)
ပြီးရင် ပုံ - ၂ ထဲမှာ ပြထားတဲ့အတိုင်း Home tab အောက်ကို Conditional Formatting ကို သွား၊ New Rule ကို ကလစ်ပါ။ ပေါ်လာတဲ့ Box ထဲက Use a formula to determine which cell to format ကို ရွေးလိုက်ပါမယ်..။
ဒါဆို Formula ရေးဖို့ ပေါ်လာမယ်..။
*****************************************************
❖ ဒီထဲမှာ ရေးတဲ့ Formula တွေက အမြဲတမ်း Logical Test ဖြစ်ရ ပါမယ်..။ Logical Test ဆိုတာ TRUE သို့ FALSE ပြန်ရစေတဲ့ Formula ကို ခေါ်တာပါ။
ဥပမာ A1 ထဲမှာ 10 လို့ ရှိနေတယ်ဆိုပါစို့။ =A1>5 လို့ ရေးသားရင် A1 ထဲက တန်ဖိုးက ၅ ထက်ကြီးလားလို့ မေးတာပေါ့။ ကြီးတဲ့အတွက် TRUE လို့ ရမယ်..။ တကယ်လို့ =A1<7 ဆိုရင်တော့ False လို့ ရမှာပေါ့။
ဒါဟာ Logical Test ပါပဲ။
ကျနော်တို့ရေးတဲ့ Logical Test က TRUE ဆိုရင် Conditional Format က အလုပ်လုပ်မယ်..။ FALSE ဆို မလုပ်ဘူး ပေါ့။
*****************************************************
❖ Customer က ပြန်ရွေးပြီးသွားရင် ကာလာပေါ်စေချင်တယ်..
ရွေးပြီးရင် Column G မှာ Taken လို့ ရေးထားတယ်..။ ပြန်မရွေးသေးရင်တော့ အခြားမှတ်ချက် တစ်ခုခု ရှိနေမှာဖြစ်ပါတယ်…။
အခု ကျနော်တို့က ပြန်ရွေးပြီးသွားရင် အဲဒီ Row တစ်ခုလုံး ကာလာ ပေါ်လာစေချင်တယ်..။
နောက်တစ်နည်းပြောရရင် G Column မှာ Taken လို့ ရေးထားတဲ့ Row တွေ အကုန်လုံး ကာလာပေါ်စေချင်တာပေါ့။
ဒါကြောင့် G2 မှာ Taken ရှိလားလို့ Logical test မေးမယ်..။
=G2=”Taken”
(Formula ထဲမှာ စာသားရေးတိုင်း “ “ နဲ့ ရေးသားရပါတယ်..။)
Column G တစ်ခုထဲမှာပဲ ရှာမယ်..။ အခြား Column တွေမှာ Taken ကိုသွားမရှာဘူးဆိုတာ သေချာအောင် Column G ကို Lock ချပါမယ်..။ (အဲလို လိုက်မရွေ့အောင် Lock ချဖို့ $ ကို သုံးရပါတယ်..)
Row 2 ပြီးရင် Row 3, Row 4 စသဖြင့် ဆင်းပြီး ကြည့်စေချင်တယ်..။ ဒါကြောင့် Row ကို Lock မချရဘူးပေါ့ ။ ဆိုတော့
=$G2=”Taken” လို့ ရေးသားလိုက်တယ်..။
Formula က ရပြီ၊ လိုချင်တဲ့ Format ရဖို့ ပုံ - ၃ ထဲမှာ ပြထားတဲ့အတိုင်း Format ကို ကလစ်လိုက်ပါ။ Format Box ကျလာမယ်..
Fill မှာ ကိုယ်နှစ်သက်တဲ့ အရောင်ရွေး၊
Font အရောင် ပြောင်းချင်ရင် Font မှာ လဲ Automatic အစား ကိုယ်ကြိုက်တာရွေးပေါ့၊
ပြီးရင် အဆင့်ဆင့် အိုကေ ပေးလိုက်တာနဲ့ Taken ရှိတဲ့ Row တွေအားလုံး အရောင်ချယ်ထားတာတွေ့ရမှာပါ..။
*****************************************************
❖ Due Date ကျော်သွားပြီ၊ Service က မပြီးသေးဘူး ဆိုရင် ကာလာတစ်ခု ပေါ်စေချင်တယ်..။
- Excel မှာ Date တွေကို ပေါင်းတာ နှုတ်တာ လုပ်လို့ရတယ်..။ ဥပမာ 21/1/2017 ထဲက 19/1/2017 ကို နှုတ်ရင် 2 လို့ ရမှာ ဖြစ်ပါတယ်..။
- လက်ရှိ ရောက်နေတဲ့ နေ့ကို =TODAY() ဆိုတဲ့ Formula က ပေးနိုင်တယ်..။
- Column B မှာ အလုပ်လက်ခံတဲ့ ရက်စွဲတွေ ရေးထားတယ်..။
- ဆိုတော့ =TODAY() – B2 ဆိုရင် အလုပ်လာအပ်တာ ဘယ်နှစ်ရက်ကြာသွားပြီလဲဆိုတာ သိရပါမယ်..။
- Due after မှာ အလုပ်လက်ခံပြီး ဘယ်နှစ်ရက်နေရင် ရမယ်ဆိုတာ ရေးထားတယ်..။
- ကြာတဲ့ရက်က သူတို့ကို ချိန်းလိုက်တဲ့ရက်ထဲ ပိုကြာနေလားလို့ Logical Test မေးမယ်ဆိုရင် =TODAY() – B2 > F2 လို့ ရေးလိုက်ရင် ရပြီ၊ အပေါ်မှာ ရှင်းပြခဲ့တဲ့ သဘောတရားအတိုင်းပဲ Column B နဲ့ F မှာပဲ ကြည့်ဖို့ Lock ချလိုက်မယ်…။ =TODAY() – $B2 > $F2
- အလုပ်ပြီးရင် Column G မှာ Finished လို့ ရေးထားတယ်..။ ပြီးလို့ ယူသွားရင် Taken ပေါ့။ အဲဒီနှစ်ခု မဟုတ်ရင် မပြီး သေးလို့ ပေါ့။ ဆိုတော့ G2 မှာ Finished သို့မဟုတ် Taken မဟုတ်ဘူးဆိုရင် ကာလာထည့်မယ်..။
- G2 က Finished နဲ့ မညီရဘူး =$G2<>”Finished”
- G2 က Taken နဲ့ မညီရဘူး =$G2<>”Taken”
- ချိန်းထားတဲ့ရက်ထက် ပိုကြာနေလား =TODAY() – $B2 > $F2
အပေါ်က Logical Test သုံးခုလုံးမှန်မှ ကာလာထည့်မယ်..။
ဒီလို Logical test တွေ အားလုံးမှန်မှ TRUE လို့ ပြန်လာစေချင်ရင် ရှေ့ က နေ AND နဲ့ ချိတ်ပေးရတယ်..။ (Logical Test တွေ အကုန်မှန်စရာမလိုဘူး၊ တစ်ခုမှန်တာနဲ့ TRUE လို့ ပြန်ရချင်ရင်တော့ OR ကို သုံးရပါတယ်..။)
အဲဒီတော့
=AND(TODAY() - $B2 > $F2, $G2<>"Finished", $G2<>"Taken") လို့ ရေးသားရမှာ ဖြစ်ပါတယ်.။
ပုံ - ၄ မှာ ပြထားတဲ့အတိုင်း အခု ဒီ Formula ကို ခုနကလိုပဲ New Rule ထဲမှာ ပြန်ထည့်၊ Format မှာ နှစ်သက်ရာ Color ရွေးပေးရင် ရပါပြီ။
*****************************************************
အသေးစိတ် သေချာ ရေးရတော့ ပို့စ်က ရှည်သွားတယ်.။ လိုက်လုပ်ကြည့်ရင် ပိုပြီး နားလည်သွားမှာပါ..။
အားလုံးပဲ Excel ကို အထိရောက်ဆုံး အသုံးပြု နိုင်ကြပါစေ ခင်ဗျာ..။
MEET





Admin>>>>
Myanmar Excel Expert Team
ကိုမိုး(နည်းပညာ)
Post A Comment:
0 comments: