သင်္ဘောချင်းတိုက်မှုများ-၁ အဆက်
သင်္ဘောချင်းတိုက်မှုများ-၁ အဆက်
=============
၂၀၁၃ ခုနှစ် မတ်လက East China Sea မှာ ဖြစ်သွားတဲ့ CMA CGM Florida and Chou Shan ထိခိုက်မှု။
------------------------------------------------------------------
8 March 2013, 2340 ခန့်မှာ CMA CGM Florida’s ကုန်း ၃ က ဖိလစ်ပင်း ကုန်း ၂ ကို ဂျူတီလွှဲပြောင်းတယ်။ AB ဟာ လည်း သူယူထားတဲ့ lookout ဂျူတီကို နောက်လာလဲတဲ့ AB တချိန်တည်း လွှဲပြောင်းကြတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ traffic situation အခြေအနေကို ပြောပြပြီး လွှဲပြောင်းပေးလိုက်တယ်။ သို့သော် Chou Shan သင်္ဘောရဲ့ ပုံရိပ်ဟာ target မှာ မပေါ်လို့ အဲဒီကိစ္စကို လွှဲပြောင်းတဲ့ အထဲမှာ မပါဘူး။ (Figure 1).
ကုန်း ၃ နှင့် ကုန်း ၂ ဂျူတီလွှဲပြောင်းနေဆဲမှာ တရုပ်ကုန်း ၂ ဟာ bridge ရောက်လာတယ်။ သူဟာ သင်္ဘောကို ရောက်တာ မကြာသေးဘူး။ ဂျူတီလွှဲပြောင်းစဉ် သူတို့ပြောနေတဲ့ စကားတွေ ဟာ ဖိလစ်ပင်းဘာသာစကားဖြစ်လို့ သူနားမလည်ပါ။ bridge paperwork တွေကို သူကြည့်တယ်။ လေ့လာတယ်။
ဂျူတီလွှဲတဲ့ ကိစ္စပြီးပြတ်သွားတော့ တရုပ်ကုန်း ၂ က ဖိလစ်ပင်း ကုန်း ၂ ကို bridge equipment တွေနှင့် သူတို့တွေရဲ့ အသုံးပြုပုံ မေးတယ်။ အဲဒီ အချိန်မှာ ဖိလစ်ပင်း ကုန်း ၂ ဟာ port radar မှာ Position ယူနေတယ်။ တရုပ် ကုန်း ၂ ကို bridge equipment တွေ အသုံးပြုပုံတွေ ရှင်းပြဘို့ စာရွက်စာတမ်း တွေ သွားယူတယ်။
9 March 2013, 0000 နာရီမှာ Chou Shan’s သင်္ဘောက ကုန်း ၃ ဟာ ကုန်း ၂ ဆီ က ဂျူတီ လွှဲပြောင်း ယူတယ်။ AB လည်း သူနှင့် တချိန်တည်း ဂျူတီ လွှဲပြောင်း ယူတယ်။Monte Pascoal ဟာ forward မှာ ရှိပြီး Hong Yun No1 ဟာ forward starboard မှာ ရှိနေတယ်။ အဲဒီ အခြေအနေကို ရှင်းပြလွှဲပြောင်းယူလိုက်ပေမဲ့ ရေဒါမျက်နှာပြင်မှာ အခုမှ ပေါ်လာတဲ့ CMA CGM Florida, ကိစ္စ္စတော့ မပါဝင်ဘူး။ (Figure 2).
At 0000 on CMA CGM Florida ပေါ်။ GPS alarm မြည်လာတယ်။ ဖိလစ်ပင်း ကုန်း ၂ ဟာ paper chart မှာ Position ပြေးတင်လိုက်တယ်။ ပြီးတာနှင့်ချက်ချင်း ဆိုသလိုဘဲ အနီးတဝိုက်မှာရှိတဲ့ သင်္ဘောတွေရဲ့ အနေအထား အခြေအနေကို သုံးသပ်ဘို့ port radar မျက်နှာပြင် ကို ကြည့်လိုက်တယ်။
နောက်ထပ် ၁ မိနစ်အကြာမှာ ဖိလစ်ပင်း lookout က ဖိလစ်ပင်း OOW ကို သူတို့ဘာသာစကားနှင့် သတင်းပို့တယ်။ ငါးဖမ်း သင်္ဘောတွေ port bow မှာ တွေ့တယ်လို့။ ကုန်း ၂ ဟာ port radar ဆီ ပြန်သွားပြီး များပြားလှတဲ့ AIS target list တွေကို စစ်ကြည့်တယ်။ (Figure 3).
Monte Pascoal သင်္ဘောကို မိမိ CMA CGM Florida ရဲ့ ရှေ့ယာဘက် မှာတွေ့တယ်။ အကွာအဝေး ၁၇.၅ မိုင်။ ဒီကောင်ဟာ CPA ၂ မိုင်ခွဲ လောက်နှင့် CMA CGM Florida ရဲ့ ယာဘက်ဆီလာနေတယ်။
Hong Yun No1 သင်္ဘောကိုလည်း မိမိ CMA CGM Florida ရဲ့ ရှေ့ယာဘက် မှာတွေ့တယ်။ အကွာအဝေး ၉ မိုင်။ ဒီကောင်ကတော့ သူနှင့် သွားရာလမ်းကြောင်းနှင့် အပြိုင်။ CPA 2 မိုင်ကျော်နှင့် သူ့ရဲ့ ယာဘက်မှာ ရှိနေတယ်။
Chou Shan သင်္ဘောကိုတော့ မိမိ ရှေ့ ဝဲဘက် အကွာအဝေး ၁၄ မိုင် မှာ တွေ့တယ်။သူဟာ မိမိရှေ့ port ကနေ starboard ကို CPA 1.5 miles ကျော်ကျော်နှင့် ဖြတ်နေတယ်။
ငါးဖမ်းသင်္ဘော အုပ်စုတစ်ခုက CMA CGM Florida ရဲ့ ရှေ့ဘယ်ဘက် ၆ မိုင်အကွာမှာ ရှိနေတယ်။ အနီးဆုံး ငါးဖမ်း သင်္ဘော Sheyangyu 16316 ဟာ CPA of 0.1 mile နှင့် starboard ဆီကို ဖြတ်နေတယ်။အခြား ငါးဖမ်းသင်္ဘော၂ စီး ဟာလည်း CPA 0.1 mile လောက်ဘဲ ရှိတယ်။
At 0002 နာရီ, ဖိလစ်ပင်း OOW ဟာ သင်္ဘောဦးတည်ကို 6 degrees to starboard ကို autopilot နှင့်ဘဲ ပြောင်းလိုက်တယ်။ သင်္ဘောရဲ့ ဦးတည်ဟာ 065(T) ဖြစ်သွားတယ်။ port radar ကို range scale 6 miles မှာ ထားပြီး relative vectors မှာထားလိုက်တယ်။
At 0007 နာရီ, ဖိလစ်ပင်း OOW ဟာ သင်္ဘောဦးတည်ကို 5 degrees to starboard ကို autopilot နှင့်ဘဲ ပြောင်းလိုက်တယ်။ fishing vessels တွေဟာ ဘာဖြစ်လို့ လွတ်လွတ်ကင်းကင်း မရှောင်ချင်ကြတာလဲ လို့ တရုပ်ကုန်း ၃ ကို ပြောတယ်။
ဖိလစ်ပင်း OOW ဟာ သင်္ဘောဦးတည်ကို 5 degrees to starboard ကို autopilot နှင့်ဘဲ ထပ်ပြောင်းလိုက်တယ်။ ၂ ခါတောင် ထပ်ပြောင်းတာမို့ သင်္ဘောရဲ့ heading ဟာ 080(T) ဖြစ်သွားပြီ။ နောက်ဆုံး 5-degree course alteration မှာ Monte Pascoal သင်္ဘော ပုံရိပ် port radar display အစွန်ဘက်မှာ ပေါ်လာတယ်။
သင်္ဘောဦးတည် ပြောင်းစဉ် course alterations လုပ်နေစဉ် တလျှောက်လုံး ဖိလစ်ပင်း OOW ဟာ radar range scale ကို 3 မိုင်မှာထားလိုက်၊ 6 မိုင်နှင့်12 မိုင်မှာရွှေ့လိုက်လုပ်နေခဲ့တယ်။ ရေဒါရဲ့ vectors/trails ကိုလည်း true မှာထားလိုက် relative မှာထားလိုက် လုပ်နေခဲ့တယ်။
Monte Pascoal သင်္ဘော တွေ့တော့ ဖစ်လစ်ပင်း OOW ဟာ တရုပ် ကုန်း ၂ ကို ခိုင်းတယ်။ fishing vessels တွေ ကို မင်းတို့ တရုပ်ဘာသာစကားနှင့် VHF ကနေ ခေါ်ပြီး လမ်းရှောင် ပေးဘို့ ပြောပေးပါလို့။ တရုပ် ကုန်း ၂ ဟာ ငါးဖမ်း သင်္ဘော Sheyangyu 16316 ကို ခေါ်တယ်။ သို့သော် သူတို့က အကြောင်းမပြန်ပါ။
Chou Shan’s သင်္ဘောက တရုပ် OOW ဟာ ARPA ပေါ်မှာ တွေ့တဲ့ CMA CGM Florida’s radar target ကို manually acquired
လုပ်လိုက်တယ်။ CMA CGM Florida’s CPA ဟာ Chou Shan ရဲ့ ရှေ့ 0.5 မိုင်ထက် နည်းနေတာ တွေ့တယ်။
fishing vessels တွေဟာ ဘာဖြစ်လို့ သူ့သွားမဲ့ လမ်းကြောင်းကနေ ဖယ် မပေးကြတာလည်းလို့ ဖိလစ်ပင်း OOW က နားမလည်ဘူး။ “ ဒီကောင်တွေ သေချင်ချင်တယ်ထင်တယ်” လို့ မှတ်ချက်ပေးတယ်။ တရုပ် ကုန်း ၂ ဟာ Sheyangyu 16316 ကို ဒုတိယအကြိမ် တရုပ်ဘာသာနှင့် VHF radio ကနေ လှမ်းခေါ်တယ်။ “မင်းတို့တွေ သေကုန်လိမ့်မယ်” ။ ဒုတိယ အကြိမ်ခေါ်တာကတော့ ဖိလစ်ပင်း OOW အခေါ်ခိုင်းတာ မဟုတ်ဘူး။
At 0019 နာရီ, Chou Shan’s OOW ဟာ CMA CGM Florida ကို လှမ်းခေါ်တယ်။ တရုပ်ကုန်း ၂က ထူးတယ်။ သူတို့ တရုပ်ဘာသာနှင့် အပြန်အလှန်ပြောတာကို အင်္ဂလိပ်လို ပြန်ကြည့်တော့ အောက်ပါအတိုင်း ရတယ်။
ချိုရှန်း ။ စီအမ်အေ စီဂျီအမ် ဖလော်ရီဒါ။ ချိုရှန်း ခေါ်နေတယ်။ ကြားရင် အကြောင်းပြန်။
စီဂျီအမ် ဖလော်ရီဒါ။ ဖလော်ရီဒါကို ဘယ်သူ ခေါ်ပါသလဲ။ ပြောပါ။
ချိုရှမ်း။ ချိုရှမ်းကခေါ်တာပါ။ မင်းလမ်းကြောင်းကို ငါ့ရဲ့ ဖင်နောက်က မောင်းပေးနိုင်မလား။
စီဂျီအမ် ဖလော်ရီဒါ။ ငါးဖမ်းသင်္ဘောတွေကို အရင်ရှောင်လိုက်ဦးမယ်။ ပြီးမှ ငါပြန်ကွေ့ပေးမယ်။
ချိုရှမ်း။ ကောင်းပါပြီ။ ကျေးဇူးပါ။
CMA CGM Florida ပေါ်က ဖိလစ်ပင်း OOW နှင့် တရုပ်ကုန်း ၂ တို့ ပြောတဲ့ စကားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဖိလစ်ပင်း OOW ။ သူက ဘာလိုချင်တာတဲ့လဲ။
တရုပ်ကုန်း ၂ ။ မဟုတ်ပါဘူး။ အခုပြောတာ တခြား သင်္ဘောပါ။ ချိုရှမ်းတဲ့။
ဖိလစ်ပင်း OOW ။ ချိုရှမ်း။ ဟုတ်လား။
တရုပ်ကုန်း ၂ ။ ဟုတ်တယ်။ ငါတို့ကို သူ့နောက်ကနေ ဖြတ်စေချင်တယ်။
ဖိလစ်ပင်း OOW ။ ဟုတ်လား။ အိုကေလေ။
တရုပ်ကုန်း ၂ ။ ဒါဆို ငါ သူ့ကို ပြောလိုက်မယ်။ အိုကေတယ်။ ငါတို့ အခု ငါးဖမ်းသင်္ဘောတွေကို ဖြတ်ကျော် ပြီးတာနှင့် ဦးတည်လမ်းကြောင်းပြောင်းပေးမယ် လို့။
ဖိလစ်ပင်း OOW ။ ဒါပေမဲ့ကွာ တကယ်လို့ relative မှာ ထားလိုက်ရင် သူတို့ ဟာ ငါတို့နောက်ကနေ ဖြတ်မယ်။ ဒီ ငါးဖမ်းသင်္ဘောအုပ်က ပြဿနာဘဲ။ သူတို့က ဘာကိုမှ ဂရုမစိုက်ဘူး။
တရုပ်ကုန်း ၂ ။ ဟုတ်
ဖိလစ်ပင်း OOW ။ သူတို့ကို မင်းခေါ်ရင်တောင်မှ လေ။
တရုပ်ကုန်း ၂ ။ နည်းနည်းလေး လမ်းကြောင်း ပြောင်းကြည့်ပါလား။ အရင် လမ်းကြောင်းကို မဆိုစလောက် ပြောင်းလို့ ရနိုင်တယ်။
ဖိလစ်ပင်း OOW ။ ဒီလိုဆို ဒီ ငါးဖမ်းသင်္ဘောတွေနှင့် အရမ်းကို နီးသွားလိမ့်မယ်…… ငါ တော့ မသိဘူး။
တရုပ်ကုန်း ၂ ။ မနီးပါဘူး။ သူတို့ ပြောင်းနေပြီ။ လမ်းကြောင်းပြောင်းနေပြီ။
ဖိလစ်ပင်း OOW ။ ဟုတ်လား။ သူတို့ လမ်းကြောင်း ပြောင်းမလို့လား။ သူတို့ လမ်းကြောင်း ပြောင်းမယ်လို့ အကြောင်းပြန်လိုက်တယ်ပေါ့။ ဟုတ်လား။
0021နာရီ, CMA CGM Florida ဟာ သူ့လမ်းကြောင်းကို fishing vessels ဆီတည်လိုက်ပြီး ဘယ်ဘက်ကို ၅ ဒီဂရီ ကွေ့လိုက်တယ်။ 075(T) ရောက်သည်အထိ။.
ချိုရှမ်း OOW ဟာ CMA CGM Florida ရဲ့ radar target ကို ဆက်လက်စောင့်ကြည့်နေတယ်။ပြီးတော့ သူ့အမြင်ကို AB ကို ပြောပြတယ်။ ငါးဖမ်းသင်္ဘောတွေ လွတ်ကင်းတာနှင့် ချက်ချင်း ဒီကောင် ဘယ်ဘက်ကို ကွေ့သွားပြီကွ။
0026 နာရီ, CMA CGM Florida ဖိလစ်ပင်း OOW ဟာ နောက်ထပ် ၅ ဒီဂရီ ဘယ်ဘက်ကို ထပ်ကွေ့တယ်။ 070(T) ရောက်သည်အထိ။
ပြီးတော့ သူမှတ်ချက်ချတယ်။ ချိုရှမ်း CPA ဟာ အရမ်းနည်းနေတယ်လို့။ တရုပ်ကုန်း ၂ ကို မြန်မြန်မေးလိုက်တယ်။ ဒို့ဟာ ချိုရှမ်းရဲ့ ဖင်နောက်က သွားမလား။ ဖိလစ်ပင်း OOW မျှော်လင့်တာကတော့ ချိုရှမ်းက ငါတို့ဖင်နောက်က ဖြတ်ပြီး port-to-port (ဝဲဘက်ထား) အနေအထားနှင့် ရှောင်ကြမယ်လို့။
တချိန်တည်းမှာဘဲ ချိုရှမ်း OOW ကလည်း သူ့လမ်းကြောင်းကို 165(T) to 160(T) ပြောင်းလိုက်တယ်။ ပြီးတော့ 155(T) ကို ပြောင်းတယ်။
0027 နာရီ, ဖိလစ်ပင်း OOW ဟာ သင်္ဘောဦးတည် ဘက်ဘက် ၅ ဒီဂရီ ထပ်တိုးပြီး 065(T) ကိုပြောင်းလိုက်တယ်။
သင်္ဘောဦးတည် ပြောင်းအပြီး ခဏလေး အတွင်းမှာ ဘဲ ရှေ့တည့်တည့်မှာ Hong Yun No1 ကို ဖစ်လစ်ပင်း OOW က တွေ့လိုက်တယ်။ Chou Shan နှင့် port-to-port ရှောင်မှ ကောင်းလိမ့်မယ်။ တရုပ်ကုန်း ၂ ဟာ ချိုရှန်းကို VHF radio ကနေ တရုပ်ဘာသာနှင့် လှမ်းခေါ်တယ်။
ချိုရှန်းဟာ ၂မိုင် အကွာမှာ ရောက်လာပြီ။ CPA 0.3 mile နှင့် ရှေ့က ဖြတ်နေတယ်။ (Figure 4).
စီဂျီအမ် ဖလော်ရီဒါ။ ချိုရှန်း ၊ ချိုရှန်း ။စီဂျီအမ် ဖလော်ရီဒါ ခေါ်နေတယ်။
ချိုရှမ်း။ ကြားတယ်။ ပြောပါ။
စီဂျီအမ် ဖလော်ရီဒါ။ အား.. ချိုရှမ်း၊ ဒို့ red�to red ဖြတ်ကြမယ်လေ။ ငါ့ရှေ့မှာ ငါးဖမ်းသင်္ဘောတွေ မရှင်းသေးဘူး။ မင်းရဲ့ နောက်ဘက်ကနေ ငါဖြတ်လို့ မရနိုင်ဘူး။ အဲဒါ အမှန်ဘဲ။
ချိုရှမ်း။ အိုး ။ မင်း ငါ့နောက်ကဘဲ ဖြတ်ပါ။ မင်းပေးတဲ့ အကြံ ငါလက်မခံဘူး။ဒါပေမဲ့ ငါ ဘက်ဘက်ကို နည်းနည်းကွေ့ပေးမယ်။
စီဂျီအမ် ဖလော်ရီဒါ။ အာ..။ မရဘူး။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ငါတို့ သူကြီးက red to red ဘဲ ဖြတ်ချင်တယ်။ red to red ဘဲ။
ချိုရှမ်း။ အဲလို ဆိုရင် ငါက အများကြီး ကွေ့ချရမှာပေါ့။
စီဂျီအမ် ဖလော်ရီဒါ။ ဟုတ်တယ်။ မင်း သင်္ဘော မင်းကွေ့ချ ပါ။ ငါ့သင်္ဘောလည်း ငါကွေ့ချလိုက်မယ်။ red to red ဘဲ ဖြတ် ကြတာပေါ့။ ကျေးဇူးပါဘဲ။
ချိုရှမ်း။ အိုကေ။ ကောင်းပြီ။
စီဂျီအမ် ဖလော်ရီဒါ။ သိပ်ကောင်းတယ်။ကျေးဇူးအများကြီးတင်တယ်။
နောက်အားမှ ဆက်မယ်ဗျာ။ မအိပ်သေးဘူး
Capt. Bo Hnin
Master of Angel No.3
Yantze River
30-Nov-2016
သင်္ဘောသားများအတွက်သီးသန့်လေးရှာတင်းပေးထားတာပါ ဘာသာပြန်ပေးထားတဲ့
Capt.Bo Hnin ကိုလည်း
ကျေးဇူးတင်ပါတယ်
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: